Home  / News  / News Details

News Details

အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ်(၁) ဂိတ်အဝင် ယာဉ်ရပ်နားခကောက်ခံရေး လုပ်ငန်း တင်ဒါခေါ်ယူ

Feb 24, 2026  /

အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ်() ဂိတ်အဝင် ယာဉ်ရပ်နားခကောက်ခံရေး လုပ်ငန်း တင်ဒါခေါ်ယူ

ဖေဖော်ဝါရီ  ၂၅ ရက်။

Myanmar Property Dealer

 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ အင်ဂျင်နီယာဌာနက အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်း အမှတ်() ဂိတ်အဝင်ဘက် ယာဉ်ရပ်နားခကောက်ခံရေးလုပ်ငန်းကို တင်ဒါခေါ်ယူထားတယ်လို့ သိရပါတယ်။

တာဝန်ရှိသူတစ်ဦးကဒီတင်ဒါဟာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဖြစ်ပါတယ်။ အမှတ်() ဂိတ်အဝင်ကနေ အောင်မင်္ဂလာလမ်း ညာဘက်တစ်လျှောက်၊ အမှတ်() ဂိတ်အဝင်ကနေ မုံရွာလမ်းအထိ လာရောက်ရပ်နားတဲ့ ယာဉ်ငယ်တွေကို ယာဉ်ရပ်နားခ ကောက်ခံမယ့်လုပ်ငန်းကို တင်ဒါစနစ်နဲ့ ငှားရမ်းသွားမှာပါလို့ ပြောပါတယ်။

တင်ဒါပုံစံနဲ့ စည်းကမ်းချက်တွေကိုတော့ ဗိုလ်တစ်ထောင်မြို့နယ် ၄၆ လမ်းရှိ စည်ပင် (၁၂)ထပ်ခွဲရုံး ()လွှာ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ယာဉ်ရပ်နားစခန်းများ စီမံခန့်ခွဲရေးရုံးမှာ ရုံးချိန်အတွင်း ဝယ်ယူနိုင်တယ်လို့ ကြေညာထားပါတယ်။

တင်ဒါပုံစံတွေကို ဖေဖော်ဝါရီ ၂၁ ရက်ကနေ မတ်လ ရက်နေ့လယ် နာရီအထိ ရောင်းချပေးသွားမှာဖြစ်ပြီး၊ တင်ဒါဖွင့်လှစ်ခြင်းကို မတ်လ ရက် နံနက် ၁၀ နာရီမှာ ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ အသေးစိတ်အချက်အလက်တွေကို ရုံးချိန်အတွင်း လာရောက်မေးမြန်းနိုင်ပါတယ်လို့လည်း သက်ဆိုင်ရာဘက်က အသိပေးထားပါတယ်။