ဖေဖော်ဝါရီ
၆ ရက်တွင် ထပ်မံလေလံတင်မည့် ခြံအမှတ်(၅၄)
ဇန်နဝါရီလ
(၁၇)ရက်။
Myanmar
Property Dealer
ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄) နေအိမ်ကို လာမယ့် ဖေဖော်ဝါရီ ၆ ရက်တွင်ထပ်မံလေလံတင်မှာဖြစ်တယ်လို့ တရားရုံးနှင့်နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့
ခြံအမှတ်(၅၄)ကို ကြမ်းခင်းဈေး
၂၉၇ ဘီလီယံဖြင့် ထပ်မံဈေးလျှော့ကာ လေလံတင်ရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက အမိန့်ချထားတာ လည်းဖြစ်ပါတယ်။
အဆိုပါနေအိမ်ကို လေလံတင်ရောင်းချသော်လည်း ဝယ်ယူမယ့်သူမရှိသေးတာကြောင့် ဦးအောင်ဆန်းဦးဘက်မှ ဈေးလျှော့ပြီး အကြိမ်ကြိမ်ရောင်းချရန် ပြင်ဆင်နေတာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရှေ့နေကဆိုပါတယ်။ဒါ့ကြောင့်လည်း ဦးအောင်ဆန်းဦးဘက်က ခြံအမှတ်(၅၄)ကို တင်ပြထားသော ဈေးနှုန်းထက် ခုနစ်ဘီလီယံတိုးမြှင့်ပြီး လေလံတင်ရန် ကမာရွတ်တရားရုံးက အမိန့်ချခဲ့ခြင်းလည်းဖြစ်ပါတယ်။
ပထမအကြိမ်
လေလံတင်ရောင်းချရာတွင်
လေလံပစ် ဝယ်ယူမယ့်သူ မရှိတာကြောင့် ယခင်ဈေး ကျပ်ငွေ ၃၁၅ ဘီလီယံမှ ဈေးလျှော့ပြီး ကျပ်ငွေ ၃၀၀ ဘီလီယံ (သိန်းပေါင်း ၃ သန်းတိတိ) လေလံပစ်ရန်
တရားရုံးက ခွင့်ပြုခဲ့ပြီး၊ ဒုတိယအကြိမ်မြောက် လေလံတင်ရာတွင်လည်း ဝယ်ယူမယ့်သူမရှိခြင်းကြောင့်
လေလံကိုဈေးထပ်လျှော့ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။