Home  / News  / News Details

News Details

မြန်မာက ထိုင်းကွန်ဒိုဒုတိယအများဆုံးဝယ်ယူသူတွေဖြစ်လာ

Jan 11, 2025  /

မြန်မာက ထိုင်းကွန်ဒိုဒုတိယအများဆုံးဝယ်ယူသူတွေဖြစ်လာ

ဇန်နဝါရီ(၁၁)ရက်။

Myanmar Property Dealer

 

 ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်းဝယ်ယူမှုမှာ တရုတ်နိုင်ငံသားတွေက အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသားတွေက ဒုတိယအများဆုံး ဖြစ်ကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ပထမကိုးလမှာ မြန်မာနိုင်ငံက ဘတ် .၄၆ ဘီလီယံ တန်ဖိုးရှိတဲ့ ကွန်ဒို ၁၀၅၀ လုံး ဝယ်ယူခဲ့ပြီး ၂၀၂၃ ခုနှစ် ပထမကိုးလမှာ ဘတ် . ၂၅ တန်ဖိုးရှိတဲ့ ကွန်ဒို ၃၄၇ လုံးထက်မနည်း ဝယ်ယူမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

 ၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက ကွန်ဒိုဝယ်ယူသူတွေကို ဘတ် . ဘီလီယံ တန်ဖိုးရှိတဲ့ ကွန်ဒို ၅၆၄ လုံး ရောင်းချခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ဘတ် .၅၅ ဘီလီယံတန်ဖိုးရှိ ကွန်ဒို ၃၄၉ လုံး ရောင်းချခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံသားတွေက ၂၀၂၄ ခုနှစ် ပထမကိုးလတာမှာ ဘတ် ၂၀. ဘီလီယံဖိုး ကွန်ဒို ,၃၈၆ လုံး ဝယ်ယူပြီး အများဆုံး ဝယ်သူသူတွေ ဖြစ်ခဲ့ပါတယ်။

 နိုင်ငံခြားသားတွေ ကွန်ဒိုတိုက်ခန်းဝယ်ယူမှု အများဆုံးနေရာတွေကတော့ ဘန်ကောက်ဖြစ်ပြီး ဒုတိယအများဆုံးကတော့ ချွန်ဘူရီဖြစ်တယ်လို့ ဆိုပါတယ်။