Home  / News  / News Details

News Details

မလေးရှားနိုင်ငံ ဆာဘားပြည်နယ်မှာရှိတဲ့ ကမ်းခြေရွာတစ်ရွာမှာ မီးလောင်ပြီး အိမ်ခြေ ၁,၀၀၀ ကျော် ပြာကျ

Apr 22, 2026  /

မလေးရှားနိုင်ငံ  ဆာဘားပြည်နယ်မှာရှိတဲ့ ကမ်းခြေရွာတစ်ရွာမှာ မီးလောင်ပြီး အိမ်ခြေ ,၀၀၀ ကျော် ပြာကျ

ဧပြီလ (၂၀)ရက်။

Myanmar Property Dealer

မလေးရှားနိုင်ငံ ဆာဘားပြည်နယ်မှာရှိတဲ့ ကမ်းခြေရွာတစ်ရွာမှာ ဧပြီ ၁၉ ရက်နေ့က မီးလောင်မှုကြီး ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ,၀၀၀ လောက် ပျက်စီးသွားတဲ့အတွက် လူထောင်ချီ နေရာမဲ့ဖြစ်သွားခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။

ဆာဘားပြည်နယ်ရဲ့ ကမ်းရိုးတန်း ကျေးရွာတစ်ခုမှာ ကြုံခဲ့ရတဲ့ မီးလောင်မှုဟာ လူပေါင်း ၉၀၀၀ ကျော်ကို ထိခိုက်စေခဲ့တဲ့ ဖြစ်ရပ်ဆိုးတစ်ခုလို့ ဆန်ဒါကန်ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ဂျော့ဂျ်အက်ဘ်ဒ် ရက်ခ်မန်းက ပြောကြားခဲ့ပါတယ်။

 

‘’သူ့အဆိုအရ လေပြင်းတွေတိုက်တာနဲ့ အိမ်တွေ တစ်လုံးနဲ့ တစ်လုံး နီးကပ်စွာ တည်ဆောက်ထားတာကြောင့် မီးက အရမ်းမြန်မြန် ပြန့်သွားခဲ့ပြီး၊ ရေထဲက ရေချိန်နိမ့်နေတဲ့အခြေအနေကြောင့်လည်း မီးငြိမ်းဖို့ ရေအရင်းအမြစ် ရှာရတာ ခက်ခဲခဲ့တယ် ‘’လို့ ဆိုပါတယ်။

ဒီမီးလောင်မှုက စာဘားပြည်နယ်ရဲ့ ရေပေါ်ရွာတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ အဲ့ဒီလိုရွာတွေက သစ်သားအိမ်တွေကို ရေထဲမှာ တိုင်တင်ပြီး ဆောက်ထားတာဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ နိုင်ငံထဲက ဆင်းရဲနွမ်းပါးတဲ့ လူမှုအသိုင်းအဝိုင်းတွေ၊ နိုင်ငံသားမဟုတ်သူတွေနဲ့ တိုင်းရင်းသားအုပ်စုတွေ အများစု နေထိုင်ကြပါတယ်။

မီးလောင်မှုကြောင့် လူ ,၀၀၀ ကျော် ထိခိုက်သက်ရောက်မှုရှိခဲ့ပေမယ့် သေဆုံးမှုတော့ မရှိသေးဘူးလို့ ဆန်ဒါကန်ရဲတပ်ဖွဲ့က ပြောပါတယ်။

မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim ကလည်း ထိခိုက်သက်ရောက်သူတွေကို အခြေခံအကူအညီတွေ ပေးနိုင်ဖို့နဲ့ ယာယီနေရာချထားပေးဖို့ အစိုးရက စာဘားပြည်နယ်တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

သူကလက်ရှိမှာ အရေးကြီးဆုံးက မီးဘေးသင့်သူတွေ ဘေးကင်းလုံခြုံရေးနဲ့ ချက်ချင်းလိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ပါပဲလို့လည်း ဆိုပါတယ်။