Home  / News  / News Details

News Details

သီဟိုဠ်သရက်စိုက်ပျိုးရေးဇုန်တွင် လုပ်ကိုင်ခြင်းမရှိသည့် မြေကွက်များကို ပြန်သိမ်းမည်

Nov 11, 2025  /

သီဟိုဠ်သရက်စိုက်ပျိုးရေးဇုန်တွင် လုပ်ကိုင်ခြင်းမရှိသည့် မြေကွက်များကို ပြန်သိမ်းမည်

နိုဝင်ဘာ (၁၂)ရက်။

Myanmar Property Dealer

 

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စုနှင့် မှုတ်ရှည်ကျေးရွာအုပ်စုတို့ရှိသီဟိုဠ်သရက်စိုက်ပျိုးရေးဇုန်တွင် လုပ်ကိုင်ခြင်းမရှိတဲ့ မြေကွက်များကို ပြန်သိမ်းမှာဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပဲခူးမြို့မှ ထုတ်ပြန်ထားရှိပါတယ်။

 ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စုနှင့် မှုတ်ရှည်ကျေးရွာအုပ်စုတို့ရှိ မြေဧရိယာ(၃၀၈၇.၉၁)ဧကကို မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့်အား စိုက်ပျိုးလုပ်ကိုင်လိုသူ တောင်သူများသို့ သီဟိုဠ်သရက်စိုက်ပျိုးရန် ၁၉၉၂ ခုနှစ် ဩဂုတ် ၂၈ ရက်မှစတင်ပြီးလုပ်ကွက်များ ချထားပေးခဲ့တာဖြစ်ပါတယ်။

 

အဆိုပါချထားပေးခဲ့တဲ့ လုပ်ကွက်များအနက် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိတဲ့ လုပ်ကွက်များကို ပြန်လည်သိမ်းယူသွားမှာဖြစ်ပြီး ၂ဝ၂၅ ခုနှစ် ဩဂုတ် ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ အသိပေးကြော်ငြာခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ယနေ့အချိန်ထိ အကောင်အထည်ဖော် လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိတဲ့ လုပ်ကွက်များကို ‘’မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ(၂၀၁၈ခုနှစ်)ပုဒ်မ ၂၂၊ ပုဒ်မခွဲ() ပုဒ်မခွဲငယ်()နှင့်()တို့အရ သိမ်းယူပြီးဖြစ်ကြောင်းနှင့် မည်သည့်အသနားခံစာကိုမျှထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း၊ ၎င်းမြေပေါ်ရှိ လုပ်ပိုင်ခွင့်နှင့် အသုံးပြုခွင့် အရပ်ရပ်တို့အားလည်း ပယ်ဖျက်ပြီးဖြစ်ကြောင်း’’ အသိပေးထားရှိထားပါတယ်။