Home  / News  / News Details

News Details

ကျောက်ဖြူ - ကူမင်း ရထားလမ်းစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန်ခက်ခဲနေ

Jan 18, 2025  /

 

ကျောက်ဖြူ - ကူမင်း ရထားလမ်းစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန်ခက်ခဲနေ

ဇန်နဝါရီလ (၁၈)ရက်။

Myanmar Property Dealer

 

 မြန်မာနှင့် တရုတ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်တဲ့ ကျောက်ဖြူ - ကူမင်းရထားလမ်းစီမံကိန်းကို မြန်မာဘက်မှ စတင် လုပ်ဆောင်နိုင်ရေးတွေက မှန်းရခက်တဲ့ အနေအထားတွင် ရှိနေတယ်လို့ ကျောက်ဖြူမြို့နယ်ရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များထံမှ သိရပါတယ်။

ကျောက်ဖြူ- ကူမင်းရထားလမ်း တည်ဆောက်ရေးအတွက် ပြင်ဆင်မှုများ ဆောင်ရွက်နေကာ တည်ငြိမ် အေးချမ်းမှုကို ဖော်ဆောင်ပြီး စီမံကိန်း တည်ဆောက်မှုအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံမှူး Dr.Zheng Zhihong က ပြောကြားထားပေမယ့်လည်း လက်ရှိမှာ အဆိုပါစီမံကိန်းကို မြန်မာနိုင်ငံဘက်မှ မြေပြင်တွင် စတင်နိုင်ခြင်းမျိုး မရှိသေးကြောင်း သိရပါတယ်။

ကျောက်ဖြူ- ကူမင်းရထားလမ်းသည် မြန်မာ၊တရုတ်နှစ်နိုင်ငံရဲ့ အရေးကြီးတဲ့ စီမံကိန်း၊ အရေးပါသော မဟာဗျူဟာမြောက် စီမံကိန်း ဖြစ်ပြီး Belt and Road နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြန်အတူတကွ တည်ဆောက်မှု၏ အရေးပါသော ဖွဲ့စည်းပုံ အစိတ်အပိုင်းလည်း ဖြစ်တယ်ဟုသိရပါတယ်။

အဆိုပါ ကျောက်ဖြူ- ကူမင်း ရထားလမ်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (.) ဘီလီယံ ကုန်ကျမည်ဟု ခန်းမှန်းထားသော်လည်းလက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုများကြောင့် ကျောက်ဖြူ- ကူမင်း ရထားလမ်းစီမံကိန်းအပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းမှာလည်း စတင်နိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

ရခိုင်ပြည်နယ် ကျေက်ဖြူမြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည် ကူးမင်းမြို့သို့ ဖောက်လုပ်မယ့် တရုတ်ရထားလမ်းစီမံကိန်းကို

မြန်မာ-တရုတ် နှစ်နိုင်ငံကြား ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းနှင့် လည်းချိတ်ဆက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။