Home  / News  / News Details

News Details

ပြင်ဦးလွင်က မြေကွက် အရောင်းအဝယ်များ ၊ဉပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါအရေးယူမယ်ဆိုပြီး ခရိုင်စီမံက ထပ်မံသတိပေး။

Jul 20, 2023  /

ပြင်ဦးလွင်က မြေကွက် အရောင်းအဝယ်များ ၊ဉပဒေနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါအရေးယူမယ်ဆိုပြီး ခရိုင်စီမံက ထပ်မံသတိပေး။

ဇူလိုင် (၂၀)ရက်

Myanmar Property Dealer

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်၊ ပြင်ဉီးလွင်မြို့နယ်အတွင်းရှိမြေကွက်များကိုအရောင်း အဝယ်ပြုလုပ်တဲ့အခါမှာ ဥပဒနဲ့အညီလိုက်နာဆောင်ရွက်ခြင်းမရှိပါကအရေးယူဆောင်ရွက်သွား မှာဖြစ်တယ်လို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်(ဇူလိုင်-၂၀ရက်)နိုင်ငံပိုင်သတင်းစာများတွင်ထပ်မံသတိပေး ထားတာဖြစ်ပါတယ်။

ပြင်ဉီးလွင်မြို့နယ်ကို (Green City)၊ (Clean City)၊ (Smart City)၊ ဖြစ်စေရေးအတွက် သဘာ၀ပတ်၀န်းကျင်ဂေဟစနစ်များ ပျက်စီးမှုမရှိစေရန် စနစ်တကျအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး မြေယာအသုံးပြုမှုနှင့်ပတ်သက်၍ ဉပဒေနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာတွင် (၂)ကြိမ်တိုင်တိုင် အများပြည်သူတို့ သိရှိအောင် အသိပေးကြေညာ ခဲ့တာလည်းဖြစ်ပါတယ်။

အရောင်းအဝယ်ပြုလုပ်ရာတွင်လည်း ဉပဒေနှင့်အညီ နည်းလမ်းတကျအသုံးပြုခွင့်မရှိဘဲ ကွက်စပ်ရိုက်ခြင်း၊ အုတ်တံတိုင်းကာရန်ခြင်း၊အခိုင်အမာအဆောက်အအုံဆောက်လုပ်ခြင်းစတဲ့ကျူးလွန်ဆောင်ရွက်အသုံးပြုမှုများရှိနေတာကိုတွေ့ရှိရတယ်လို့လည်းပါရှိပါတယ်။

အဆိုပါမြေများကို ခွင့်ပြုချက်မရှိဘဲ မမှန်မကန်သောနည်းလမ်းများဖြင့် မြေအရောင်း/အ၀ယ်ဆောင်ရွက်မှုများရှိနေခြင်းကြောင့် မြေယာအသုံးပြုမှုများနှင့်ပတ်သက်ပြီး ဉပဒေနှင့်အညီ နည်းလမ်းတကျ အသုံးပြုမှုရှိစေရေးအတွက် အများပြည်သူသို့အသိပေးကြေညာခဲ့ပြီးဖြစ်သော်လည်း မြေပြင်တွင် လိုက်နာဆောင်ရွက်မှုအားနည်းနေသေးတယ်လို့လည်းသိရပါတယ်။

သက်ဆိုင်ရာအနေနဲ့ မြေယာအသုံးပြုမှုများနဲ့ပတ်သက်ပြီးဉပဒေနှင့်အညီနည်းလမ်းတကျအသုံးပြုမှုရှိစေရေးအတွက် အများပြည်သူတို့သိရှိအောင် အကြိမ်ကြိမ်သတိပေးကြေညာချက်များထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်းဉပဒေနှင့်အညီလိုက်နာဆောင်ရွက်မှုမရှိသောမြေယာအသုံးပြုမှုများကိုထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း နိုင်ငံပိုင်သတင်းစာများတွင်ထပ်မံအသိပေးကြေညာထားရှိပါတယ်။