ယခုနှစ်အတွင်းသုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း ၁၉၀၀ ကျော်နေရာချထားပေးမည်။
မေ (၁၃)ရက်။
Myanmar Property Dealer
၂၀၂၄ ခုနှစ်အတွင်းသုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အခန်းပေါင်း ၁၉၀၀ ကျော်ကို နေရာချထားဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၏ ပြောကြားချက်အရ သိရပါတယ်။
ယခုနှစ်ဇွန်လတွင် အခန်းပေါင်း ၈၁၀၊ ဇူလိုင်လတွင် ၈၆၄ ခန်း၊ ဒီဇင်ဘာလတွင် ၂၇၂ ခန်း အခန်း နေရာချထားရေး ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းက နိုင်ငံတော်အတွက် အရေးပါတဲ့ စီမံကိန်းဖြစ်တဲ့အတွက် အလေးအနက်ထားဆောင်ရွက်ရန်၊ တိုက်အလုံး ၂၀ အား မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ရန်၊ ပြည်သူ့အငှားအိမ်ရာသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အခန်းပေါင်း ၁၁၆၈ ခန်းအား ပြည်သူများနေထိုင်နိုင်ရေးအတွက် အခန်းနေရာချထားပြီးဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ အငှားအိမ်ရာစီမံကိန်းရှိ တည်ဆောက်ပြီးအိမ်ရာများတွင် နေထိုင်ရန်အခက်အခဲရှိတဲ့ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် အများပြည်သူများ နေထိုင်နိုင်ရေးအတွက် အိမ်ခန်းနေရာများ ချထားပေးလျက်ရှိကြောင်းသိရပါတယ်။ (စုစု)