ကန်ဒေါ်လာ ၇ ဘီလီယံတန်ဘူတာရုံနဲ့အတူ ပို့ဆောင်ဆက်သွယ်ရေးတံခါးအသစ်တချပ်ဖွင့်
လှစ်လိုက်တဲ့ တရုတ်နိုင်ငံ
နိုဝင်ဘာ (၁၅)ရက်။
Myanmar Property Dealer
တရုတ်နိုင်ငံဟာ ခေတ်မှီနည်းပညာတွေနဲ့အတူမဖြစ်နိုင်ဘူးဆိုတဲ့ကန့်သက်ချက်ကိုကျော်လွန်ပြီး
ဆောက်လုပ်ရေးလောကရဲ့ စံချိန်ပေါင်းများစွာကိုအမြဲလိုလိုချိုးဖြတ်ခဲ့တာဘဲဖြစ်ပါတယ်။
အာရှရဲ့စီပွားရေးဗဟိုချက်ဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ နိုင်ငံအနောက်ပိုင်းဆက်သွယ်ရေးတံခါးအသစ်တချပ်ကိုဖွင့်လှစ်ပေးမဲ့
စီမံကိန်းတခုနဲ့အတူ ကမ္ဘာ့စံချိန်သစ်တခုထပ်မံချိုးဖျက်လိုက်ပြန်ပြီဘဲဖြစ်ပါတယ်။ ဒီစီမံကိန်းကတော့
Chongqing East railway station ဘဲဖြစ်ပါတယ်။
အကျယ်အဝန်းအနေနဲ့ စတုရန်းမီတာ ၁.၂၂ သန်းကျယ်ဝန်းတဲ့ဒီစီမံကိန်းကို
၂၀၁၉ခုနှစ်မှာစတင်ခဲ့တာြဖစ်ပြီး ၂၀၂၂ ခုနှစ်မှာတည်ဆောက်ပြီးစီးခဲ့တာဘဲဖြစ်ပါတယ်။ ဒီအကျယ်အဝန်းဟာ
ဘောလုံးကွင်း ၁၇၀ စာရှိတာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးဘူတာရုံအဖြစ်စာရင်းဝင်စေခဲ့တာဘဲဖြစ်ပါတယ်။
ဒီဘူတာရုံအဆောက်အဦမှာ
အလွှာရှစ်ပါဝင်တာဖြစ်ပြီး မြေပြင်အထက် ၄လွှာနဲ့ မြေအောက် ၄ လွှာတို့ဖြင့်တည်ဆောက်ထားတာဘဲဖြစ်ပါတယ်။
Sqft ၁၂၀၀၀၀ ကျယ်ဝန်းပြီး တန်ချိန် ၁၆၅၀၀ အလေးအချိန်ရှိတဲ့ခေါင်မိုးကို သစ်ပင်ပုံစံထောက်တိုင်များဖြင့်
ပင့်မထားတာဖြစ်ပြီး နေရောင်ခြည်တိုက်ရိုက်ဝင်ရောက်စေမဲ့မှန်များကိုအသုံးပြုထားဘဲဖြစ်ပါတယ်။
ဒီဘူတာရုံအဆောက်အဦဟာ
3 star Green Building စာရင်းဝင်ဖြစ်တာနဲ့အညီ ခေါင်မိုးအထက်ပိုင်းSolar ပြားများမှထုတ်လွှတ်ပေးသည့်လျှပ်စစ်ကိုအသုံးပြုပြီး
အဆောက်အဦရဲ့ အပူပိုင်းနှင့်အအေးပိုင်းစနစ်များကိုလည်ပတ်
စေမှာဘဲဖြစ်ပါတယ်။
မြေပြင်အထက်လေးလွှာတွင် အမြန်ရထား၊ စျေးဝယ်စင်တာ၊
ရုံးခန်းများနှင့် ဟိုတယ်များပါဝင်မှာြဖစ်ပြီး မြေအောက်အလွှာတွေမှာတော့ ဘတ်စ်ကားဂိတ်၊
ကားပါကင်၊ Metroနဲ့ Commercial Area တွေပါဝင်မှာဘဲဖြစ်ပါတယ်။ ဒီဘူတာရုံမှာ ပလက်ဖောင်း
၁၅ခုနဲ့ အမြန်ရထားပြေးလမ်း ၂၉လမ်းတို့ပါဝင်မှာဖြစ်ပြီး တစ်နာရီကိုလူဦးရေ ၁၆၀၀၀ အထိဝန်ဆောင်မှုပေးနိုင်မှာဘဲဖြစ်ပါတယ်။
Chongquing east railway station ဟာနိုင်ငံရဲ့ဆက်သွယ်ရေးမိုင်တိုင်တခုတင်မကဘဲအနာဂတ်မြို့သစ်စီမံကိန်းရဲ့ရှေ့ပြေးဗဟိုချက်တခုလည်းဖြစ်ပါတယ်။
မကြာမီကာလအတွင်းအပြည့်အဝလည်ပတ်နိုင်တော့မဲ့ဒီဘူတာရုံဟာ
ဒေသတွင်းဖွံဖြိုးတိုးတက်မှုအတွက်သော့ချက်တခုဖြစ်ပြီး ဘူတာရုံကိုဗဟိုပြုခါ
Staion-City Intergration ဆိုတဲ့မြို့သစ်စီမံကိန်းတခုကိုပါတွဲဖက်အကောင်အထည်ဖော်နေတာဘဲဖြစ်ပါတယ်။
ဒီစီမံကိန်းဟာအကျယ်အဝန်းအားဖြင့် 3.5 square kilometer ကျယ်ဝန်းတာဖြစ်ပြီး ဟိုတယ်၊
ရုံးခန်း၊ commercial area တွေအပြင် public space ပေါင်းများစွာပါထည့်သွင်းတည်ဆောက်သွားမယ်လို့သိရပါတယ်။
Chongqing east railway station စီမံကိန်းဟာတရုတ်နိုင်ငံရဲ့အကြီးမားဆုံးဆောက်လုပ်ရေးအောင်မြင်မှုဖြစ်ရုံသာမကနိုင်ငံရဲ့ပို့ဆောင်ဆက်သွယ်ရေးတံခါးအသစ်တချပ်ကိုပါဖွင့်လှစ်ပေးလိုက်တာဖြစ်ပြီး စုစုပေါင်းကန်ဒေါ်လာ ၇ဘီလီယံကျော်အထိကုန်ကျခံတည်ဆောက်ခဲ့တာဘဲဖြစ်ပါတယ်။