ဒဂုံမြို့သစ်မြောက်ပိုင်းရှိ သိမ်းဆည်းခံလယ်ယာမြေများအတွက် လျော်ကြေးပေးအပ်မှုအခြေအနေကို လွှတ်တော်တွင် မေးမြန်း
ဇူလိုင် (၂၁) ရက်
Myanmar Property Dealer
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ မြို့သစ်တည်ဆောက်စဉ်က သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေတွေအတွက် လျော်ကြေးမရသေးတဲ့ တောင်သူ ၂၀၀ ကျော်ကို ဘယ်အချိန်မှာ လျော်ကြေးပေးအပ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်အမှတ် (၁၀) က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လတ်က မေးမြန်းခဲ့တာဖြစ်တယ်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ကို တည်ဆောက်ချိန်က လယ်ယာမြေတွေကို သိမ်းဆည်းခဲ့ပြီးနောက် ယခင်က လယ်သမားတစ်ဦးစီကို ကျွဲနွားနဲ့ လယ်ယာသုံးကိရိယာတွေ ထားရှိနိုင်ဖို့ ပေ ၄၀ × ၆၀ မြေကွက်တစ်ဝက်စီ ပြန်လည်ပေးအပ်ခဲ့တယ်။ ဒါပေမယ့် ကျန်ရှိနေသေးတဲ့ နစ်နာဆုံးရှုံးမှုတွေအတွက် လျော်ကြေးရရှိဖို့ တောင်သူတွေက ဆက်လက်မျှော်လင့်နေကြတယ်ဟုဆိုပါတယ်။
အဆိုပါမေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေကြားရာမှာ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာနဲ့ "လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ" ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့တယ်။
''လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားတဲ့ တောင်သူလယ်သမား ၂၀၄ ဦးနဲ့ပတ်သက်ပြီး လျော်ကြေးပေးအပ်ဖို့ ကျန်ရှိနေတဲ့ အမှုတွဲ ၃၂ တွဲရှိတယ်လို့ ဆိုတယ်။ အဲဒီအမှုတွဲတွေထဲမှာတော့ တောင်သူ ၁၁ ဦးရဲ့ မြေဧရိယာ ၁၃၉.၇၇ ဧကသာ ပါဝင်နေတယ်''လို့လည်းလည်းကောင်းက ရှင်းလင်းခဲ့ပါတယ်။
ကျန်ရှိနေတဲ့ တောင်သူ ၁၉၃ ဦးနဲ့ပတ်သက်တဲ့ အမှုတွေကိုတော့ မြို့နယ်၊ ခရိုင်နဲ့ တိုင်းဒေသကြီးအဆင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီတွေက အဆင့်ဆင့် စိစစ်ဆောင်ရွက်နေတယ်လို့ ဒုတိယဝန်ကြီးက လွှတ်တော်မှာ ပြန်လည်ဖြေကြားခဲ့တယ်။