မန္တလေးမြို့နှင့်ညီအစ်မမြို့တော်ဖြစ်တဲ့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့ တည်ထောင်ခြင်း (၁၃၂) နှစ်ပြည့် အခမ်းအနားကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်မြို့ တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
မန္တလေးမြို့နှင့် နိုဗိုစီဗစ်မြို့တို့က ညီအစ်မမြို့တော် (Sister City) များအဖြစ်တည်ထောင်ခြင်း နားလည်မှုစာချွန်လွှာကိုပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး နိုဗိုစီဗစ်နှင့် မန္တလေးမြို့တို့ကြားအပြန်အလှန် ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် ဆွေးနွေးထားကြတာ လည်းဖြစ်ပါတယ်။
ဒါ့အပြင် မန္တလေးမြို့နှင့် ရုရှားနိုင်ငံ၊ နိုဗိုစီဗစ်မြို့တို့အား Sister City အဖြစ် ဆောင်ရွက်ခြင်းကြောင့် ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရးရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ စက်မှုကဏ္ဍ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကဏ္ဍများ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မှာလည်းဖြစ်ပါတယ်။