Home  / News  / News Details

News Details

လာမည့်နှစ်များတွင် တိုက်ခန်းနှင့်ကွန်ဒိုဈေးနှုန်းများ နှစ်ဆခန့်မြင့်တက်လာမည်

Jun 20, 2022  /

လာမည့်နှစ်များတွင်  တိုက်ခန်းနှင့်ကွန်ဒိုဈေးနှုန်းများ နှစ်ဆခန့်မြင့်တက်လာမည်

Myanmar Property Dealer

ဇွန် ၂၀ရက်

            ၂၀၁၅ခုနှစ်တွင်အစိုးရကအထပ်မြင့်တည်ဆောက်မှုများ ရပ်ဆိုင်းခဲ့ခြင်းကြောင့် တိုက်ခန်းဈေး ကွက်များ ကျဆင်းသွားခဲ့ရာမှ လက်ရှိတွင် ဆောက်လုပ်ရေး ကုမ္ပဏီများရပ်တည်နိုင်ရေးအတွက် ငွေ ပေါ် အရင်းပြုတ်ပုံစံဖြင့်  ရောင်းချနေကြရကြောင်း၊ သို့သော် ဆောက်လုပ် စရိတ် ကြီးမြင့်လာခြင်းနှင့်  ကုန်ကြမ်းဈေးနှုန်းမြင့်တက်လာခြင်းများကြောင့် လာမည့်နှစ်များတွင်တိုက်ခန်းနှင့် ကွန်ဒို ဈေးနှုန်းများ နှစ်ဆခန့်မြင့်တက်လာမည်ဖြစ်ကြောင်း Myanmar Developer Association (MDA) ၏ ဥက္ကဌ ဦးသန်းနိုင်က ပြောသည်။

ဦးသန်းနိုင်က“ Developer ‌တွေကြားမှာ ညှိနှိုင်းမှုတွေ လုပ်နေတယ်။ အဲ့ဒါဘာလဲဆိုတော့ ဘိ လပ်မြေဈေး၊ သံဈေးတွေ နှစ်ဆကျော်ဖြစ်လာတာကြောင့် လက်ရှိတည်ဆောက်ပြီးသား တိုက်ခန်းတွေ ကို ဈေးလျော့မရောင်းဘဲအနည်းဆုံး ၂၀ ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်း တင်ပြီးရောင်းဖို့အတွက်  သ ဘော တူညီမှုတွေ လုပ်ထားတယ်။ အခုချိန်မှာ ဈေးကွက်ကလည်း အတင်းချရောင်းနေရတဲ့ အနေ အထား မဟုတ်ဖူး။ ထိန်းရောင်းရမယ့်အခြေအနေ ဖြစ်နေတယ်။ အကျိုးအမြတ်အတွက်မဟုတ်ဘဲနဲ့ကို လက်ရှိ အနေအထားအရ ရောင်းပြီးရင် ပြန်ဆောက်ဖို့ မလွယ်တော့ဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ အကျိုး စီးပွားထက်စာရင် ဈေးတိုးရောင်းရတဲ့ အကြောင်းအရင်းက ကုမ္ပဏီရပ်တည်ဖို့ ဝန်ထမ်းတွေကို ထိန်းဖို့ အတွက်ပါပဲ။ တကယ်တော့ ကုန်ကြမ်း ဈေးနှစ်ဆတက်ပေမယ့် တိုက်ခန်းဈေးကို နှစ်ဆမတက် ထားဘူး။ အခုမှဆောက်မယ့်ဟာတွေ ဆောက်လက်စတွေကတော့ ကြိမ်းသေတယ် သူကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်ဆဖြစ်သွားမှာပဲ။ ကုန်ကြမ်းနှစ်ဆဖြစ်သွားတဲ့အတွက် ကုန်ချောကတော့ အော်တို နှစ်ဆဖြစ် သွားမှာပဲ။ နောက် ၂နှစ်၊ ၃နှစ်မှ ထွက်လာမယ့်တိုက်ခန်းတွေရှိတယ်။ အဲ့ဒါတွေက သေချာ တယ် ဒီဈေးနဲ့ ဘယ်လိုမှ မရနိုင်တော့ဘူး ” ဟု MPD သို့ ပြောသည်။

            လက်ရှိတွင် အိမ်ခြံမြေဈေးကွက်၌ မြေကွက်များ အရောင်းအဝယ်ကောင်းလျှက်ရှိပြီး အချို့ နေရာများတွင် ရောင်းချလိုသည့်မြေကွက်မရှိတော့ခြင်းကြောင့် အရောင်းအဝယ်ဈေးကွက်မှာ တိုက် ခန်း၊ ကွန်ဒို များဘက်သို့ ရောက်ရှိလာပြီး အရောင်းသွက်လာခြင်းဖြစ်ကြောင်း သိရသည်။ လာမည့်နှစ် များတွင် ကုန် ကြမ်းဈေးနှုန်းမြင့်တက်ခြင်းကြောင့် တိုက်ခန်း၊ ကွန်ဒို ဈေးနှုန်းများ မြင့်တက်လာ မည် ဖြစ်ရာ ပုဂ္ဂလိက ကဏ္ဌတွင်သာမက အစိုးရမှ တည်ဆောက်သည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်နှင့် အဆင့်မြင့် အိမ်ရာ တိုက်ခန်း များ၏ ဈေးနှုန်းများလည်း မြင့််တက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျပ်သိန်းတစ်ရာဖြင့်ရောင်း ချ သည့် တန်ဖိုးနည်းအိမ်ရာ အခန်းများမှာလည်း ကျပ်သိန်းနှစ်ရာခန့်အထိ မြင့်တက်လာနိုင်ကြောင်း သိရ သည်။

            လတ်တလော တိုက်ခန်း၊ကွန်ဒိုဈေးကွက်နှင့် ပတ်သက်၍ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးက “ ငွေတန်ဖိုးကလည်း ကျတယ်။ ရွှေကလည်း အရင်လို လိုချင်သလောက်ဝယ်လို့မရတဲ့ အချိန်မှာ စီးပွား ရေးသမားအကုန်လုံးက ခိုင်မာမှုရှိတဲ့ အိမ်ခြံမြေဘက်ကို ပိုပြီးရင်းနှီးမြုပ်နှုံလာကြတယ်။ မြေကို အဓိက ထားဝယ်လာကြပေမယ့် နောက်ပိုင်းမြေကရောင်းစရာသိပ်မရှိတော့တဲ့အခါ အရောင်းအဝယ် ဈေးကွက် က  တိုက်ခန်း၊ ကွန်ဒိုတွေဖက်ကို လှည့်လာတယ်။ ဈေးတွေလည်း တက်လာတဲ့အ နေအထားဖြစ်တယ်။ ဈေးနှုန်းအားဖြင့်က ကျပ်သိန်း ၂၀၀၀ ဝန်းကျင် တိုက်ခန်းတွေ အရောင်းသွက်တယ်”  ဟုပြောသည်။

            ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးမြင့်တက်လာြခင်းမှာ ကိုဗစ်ကပ်ရောဂါကြောင့် ကုန်ထုတ်လုပ်မှုများ လျှော့ချလိုက်၍ ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လာခြင်း၊ မြန်မာငွေတန်ဖိုး တဖြေးဖြေးကျဆင်းလာခြင်းကြောင့် ပြည်ပသွင်းကုန်တန်ဖိုးမြှင့်တက်လာခြင်း၊ ရုရှား-ယူကရိန်း အရေး ကြောင့် ရေနံဈေးနှုန်းများမြင့်တက်လာကာ သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာခြင်းနှင့် မြန်မာ့နိုင်ငံ ရေး အပြောင်းအလဲတို့ကြောင့် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးသုံး ကုန်ကြမ်းဈေးနှုန်းမြင့် တက်လာ ခြင်းကြောင့် ပြည်ပသွင်း ကုန်အစားထိုးအဖြစ် သံနှင့် ဘိလပ်မြေကို ပြည်တွင်း၌ ထုတ်လုပ်နိုင်ရန်အ တွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။