အောက်တိုဘာလ နှစ်ပတ်အတွင်း အဆောက်အဦ ဆောက်လုပ်ခွင့် (၁၂၈)ခု နဲ့ အဆောက်အဦ ဆောက်လုပ် ပြီးစီးကြောင်းလက်မှတ်(BCC) (၅၂)လုံး ခွင့်ပြုခဲ့ကြောင်းသိရ ။
အောက်တိုဘာလ( ၁၃)ရက်။
Myanmar Property Dealer
ရန်ကုန်မြို့တော် ကော်မတီနယ်နိမိတ်အတွင်းရှိ အဆောက်အဦ ဆောက်လုပ်ခွင့်နှင့် အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရေး ဦးစီးကော်မတီရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကနေ အောက်တိုဘာလနှစ်ပတ်အတွင်း ဆောက်လုပ်ခွင့်(၁၂၈)ခုနှင့် အဆောက်အဦဆောက်လုပ် ပြီးစီးကြောင်း လက်မှတ်(BCC) ( ၅၂)လုံး ခွင့်ပြုခဲ့ကြောင်းသိရပါတယ်။
ယခု အောက်တိုဘာလအတွင်း အဆောက်အဦ ဆောက်လုပ်ခွင့်နဲ့ အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရေး ဦးစီးကော်မတီရဲ့ (၈/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကနေ ဆောက်လုပ်ခွင့်(၆၆)ခု၊ အဆောက်အဦဆောက်လုပ် ပြီးစီးကြောင်း လက်မှတ်(BCC)(၂၁)လုံး ခွင့်ပြုခဲ့ပြီး ၊ (၉/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကနေ ဆောက်လုပ်ခွင့်(၆၂)ခု၊ အဆောက်အဦဆောက်လုပ် ပြီးစီးကြောင်း လက်မှတ်(BCC)(၃၁)လုံး ခွင့်ပြုခဲ့တာဘဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ဆောက်လုပ်ခွင့် (၂၇၆ )ခုနှင့် အဆောက်အဦဆောက်လုပ် ပြီးစီးကြောင်း လက်မှတ်(BCC)( ၆၅)လုံး ခွင့်ပြုခဲ့ပြီး ဖြစ်တယ်လို့လည်း သိရှိရပါတယ်။