Home  / News  / News Details

News Details

ပါမစ်ပိုင်ဆိုင်မှုအများစုနဲ့လည်ပတ်နေတဲ့ ဒလအိမ်ခြံမြေစျေးကွက်

Aug 31, 2025  /

ပါမစ်ပိုင်ဆိုင်မှုအများစုနဲ့လည်ပတ်နေတဲ့ ဒလအိမ်ခြံမြေစျေးကွက်

ဩဂုတ် ၃၁
Myanmar Property Dealer

ရန်ကုန်-ဒလတံတားစီမံကိန်းကြီး ပြီးစီးဖို့နီးလာတာနဲ့အညီ ဒလအိမ်ခြံမြေစျေးကွက်ဟာလည်းအတက်ဘက်ကိုဦးတည်လာတာဖြစ်ပြီး ရင်းနှီးမြုပ်နှံသူတွေအတွက် မျက်စိကျစရာနေရာဖြစ်နေတာဘဲဖြစ်ပါတယ်။
ဒလမြို့ရဲ့အိမ်ခြံမြေ‌ဈေးကွက်ထဲတွင်လည်း ပိုင်ဆိုင်မှုအနေဖြင့် ဂရန်အမည်ပေါက်ထက် ပါမစ်များနေတာဖြစ်ပြီး တမြို့လုံးမှာမှ ဂရန်အမည်ပေါက် ၁၀ ရာခိုင်နှုန်းသာရှိတယ်လို့ ရှမ်းလေးအိမ်ခြံမြေမှကိုရှမ်းလေးရဲ့ပြောပြချက်အရသိရပါတယ်။
‘’ဒလတမြို့လုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ ပါမစ်ဖြစ်ပြီး ၊ဂရန်က ၂၀ရာခိုင်နှုန်းသာရှိတယ်။အဲဒီထဲကမှ ဂရန်ကတုံးတွေပါဖယ်လိုက်မယ်ဆိုရင်တော့ ဂရန်အမည်ပေါက်က ၁၀ ရာခိုင်နှုန်း ကနေ‌ ၁၅ ရာခိုင်နှုန်းကြားဘဲရှိတာဖြစ်ပါတယ်။ ဒါကြောင့်ဝယ်ယူသူတွေအနေနဲ့ အိမ်ခြံမြေဝယ်ယူတဲ့အခါ ကျွမ်းကျင်ရှေ့နေတွေနဲ့စနစ်တကျတိုင်ပင်ပြီး စာရွက်စာတန်းများကိုလည်းစီစစ်သုံးသပ်ပြီးမှဝယ်ယူသင့်တယ်လို့ ကိုရှမ်းလေးကမှတ်ချက်ပေးထားပါတယ်။
ဖွံဖြိုးမှုအလားအလာကောင်းပြီး စျေးကွက်အခွင့်အလမ်းပေါင်းများစွာရှိနေတဲ့ ဒလအိမ်ခြံမြေစျေးကွက်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေစိတ်ဝင်စားမှုမြင့်တက်နေပြီးလက်ရှိမှာ‌တော့ဒလမြို့ရဲ့အိမ်ခြံမြေစျေးကလမ်းမတန်းအကွက်ကျယ်များကို သိန်း ၃ထောင်ကျော်မှသိန်းတသောင်းကျော်အထိပေါက်စျေးရှိနေတာဘဲဖြစ်ပါတယ်။