မန္တလေးအိမ်၊ခြံ၊မြေစျေးကွက် အရောင်းအဝယ်ထက်၊အငှားပြန်သွက်လာ
မန္တလေးအိမ်၊ခြံ၊မြေစျေးကွက် အရောင်းအဝယ်ထက်၊အငှားပြန်သွက်လာ
Myanmar Property Dealer
ဒီဇင်ဘာ (၃) ရက်
မန္တလေးအိမ်၊ခြံ၊မြေဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာပြီးအရောင်းအဝယ်ထက်၊ ငှားရမ်းမှုများ ပြန်သွက်လာတယ်လို့ အိမ်ခြံမြေဈေးကွက် အသိုင်းအဝိုင်းကနေ သိရပါတယ်။
"အငှားဘက် ပိုဖြစ်လာတယ်လို့ ပြောလို့ရတယ်။ ဈေးနှုန်းတွေလဲ မြင့်လာတယ်"ဟု မန္တလေးအိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပြောပါတယ်။
မြို့တွင်းပိုင်း အချက်အချာကြတဲ့ နေရာတွေမှာ ငှားရမ်းလိုမှုကပိုများလာနေပြီး လူနေထိုင်ရန်နှင့်ဆိုင်ခန်းဖွင့်လှစ်ရန်အတွက် ရည်ရွယ်ငှားရမ်းခြင်းဖြစ်တယ်လို့ သိရပါတယ်။
"ဈေးဆိုင်တွေ ၊ ရုံးခန်းတွေ ဖွင့်လှစ်ဖို့ နောက်ပြီး စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ မြေနေရာ ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့ နေရာတွေကို ပိုငှားလာကြတယ်"လို့အိမ်ခြံမြေအကျိုးဆောင်က ဆိုပါတယ်။
ငှားရမ်းမှုအတွက် ပေးချေရတဲ့ နှုန်းထားတွေက တစ်လလျှင် ငွေကျပ် ၇ သောင်းမှ ၅ သိန်းခန့်အထိ ရှိနေတယ်လို့ သိရပါတယ်။
#မန္တလေးအိမ်ခြံမြေ