Home  / News  / News Details

News Details

ထိုင်းနိုင်ငံ၊ ဘန်ကောက် ယာဉ်သွားလမ်းမကြီးပေါ်တွင်တွင် မီတာ(၅၀)ကျော်အနက်ရှိတဲ့မြေပြိုကျမှုဖြစ်ပွား

Sep 24, 2025  /

ထိုင်းနိုင်ငံ၊ ဘန်ကောက် ယာဉ်သွားလမ်းမကြီးပေါ်တွင်တွင် မီတာ(၅၀)ကျော်အနက်ရှိတဲ့မြေပြိုကျမှုဖြစ်ပွား

စက်တင်ဘာ (၂၄)ရက်။

Myanmar Property Dealer

 စက်တင်ဘာလ ၂၄ ရက်နေ့၊ မနက် ၇ နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊  Vajira ဆေးရုံရှေ့ရှိ ယာဉ်သွားလမ်းမကြီးပေါ်တွင် မြေပြိုမှုဖြစ်ပွားပြီး မီတာ ၅၀ ကျော်အနက်ရှိတဲ့မြေတွင်းကြီး ဖြစ်ပေါ်သွားကြောင်း Thaiger သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။

ယခုမြေပြိုမှုဖြစ်စဉ်မှာ Tao Poon(တာပွန်း)မှ Rat Burana(ရပ်ဘူရားနား) အထိပြေးဆွဲထားတဲ့ MRT Purple Line မြေအောက်ရထားတိုးချဲ့စီမံကိန်းဆောက်လုပ်ရေးဇုန်အတွင်းဖြစ်ပွားခဲ့တာဘဲဖြစ်ပါတယ်။

ပြိုကျမှုကြောင့် ယာဉ်သွားလမ်းမကြီးပေါ်တွင် မျက်နှာပြင်အကျယ် မီတာ ၃၀ ပတ်လည်ကျယ်ဝန်းပြီး မီတာ ၅၀ အနက်ရှိတဲ့တွင်းနက်ကြီးတခုဖြစ်ပွားခဲ့တာဖြစ်ခါ ယခုအချိန်အထိကိုမြေသားကတအိအိနဲ့ကျွံဝင်လျှက်ရှိတယ်လို့သိရပါတယ်။ မြေသားမတည်ငြိမ်မှုကြောင့် Vajira ဆေးရုံရှိ ဝန်ထမ်းများ၊ လူနာများနဲ့အနီးပတ်ဝန်းကျင်ရှိနေထိုင်သူများကိုပြောင်းရွှေ့မှုများပြုလုပ်ထားပြီး ဆေးရုံကိုလည်းယာယီရပ်နားထားရကြောင်းသိရပါတယ်။

ယခုမြေပြိုမှုဖြစ်စဥ်မှာလမ်းမအောက်ရှိမြေသားအတွင်းမှာရေအောင်းမှုများပြားပြီး အထက်သို့အရှိန်ဖြင့်ပေါက်ကွဲတာကြောင့်ဖြစ်တာြဖစ်ခါ ရေဝပ်မှုကြောင့်မြေသားပျော့နေသည့်အတွက်မြေကဆက်တိုက်ကျွံဝင်နေတာဖြစ်တယ်လို့ သက်ဆိုင်ရာဌာနများရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။