Home  / News  / News Details

News Details

ခြံအမှတ် (၅၄) ဩဂုတ်လ လယ်တွင် ဒုတိယအကြိမ်လေလံပစ်မည်ဟုသိရ

Jul 12, 2024  /

ခြံအမှတ် (၅၄) ဩဂုတ်လ လယ်တွင် ဒုတိယအကြိမ်လေလံပစ်မည်ဟုသိရ

ဇူလိုင်လ (၁၂)ရက်။

Myanmar Property Dealer

ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့ ခြံအမှတ် ၅၄ နေအိမ်ကို ဈေးနှုန်းသစ် ပြင်ဆင်သတ်မှတ်ပြီး လာမယ့် ဩဂုတ် လလယ်ပိုင်းအတွင်း ဒုတိယအကြိမ် လေလံတင်ရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လတွင် ကျပ် ၃၁၅ ဘီလျံဖြင့်ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းမှာရှိ တဲ့ ခြံအမှတ် (၅၄)နှင့် နေအိမ်ကို လေလံတင် ရောင်းချခဲ့ပေမယ့်လည်း လေလံဆွဲဝယ်ယူမယ့်သူမရှိကြောင်း သိရပါတယ်။

ဒါ့အပြင် ဦးအောင်ဆန်းဦးဘက်မှလည်း ငွေကျပ် ၂၈၅ ဘီလျံအဖြစ် ပြင်ဆင်သတ်မှတ်ပေးရန်တင်ပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်မှ ကန့်ကွက်ခဲ့ကာ ကမာရွတ်ခရိုင်တရားရုံးက ကျပ် ၃၀ဝ ဘီလျံဖြင့် လေလံတင်ရောင်းချရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်တဲ့ မြေကွက် နှင့် မြေပေါ်ရှိ အဆောက်အအုံများအပါအဝင် အကျိုးခံစားခွင့် အရပ်ရပ်ကို ကျပ်သိန်းပေါင်း ဘီလျံ (၃၀ဝ)ဖြင့် လာမယ့် ဩဂုတ် ၁၅ ရက်၊ နံနက် ၁၀ နာရီတွင် အဆိုပါခြံဝန်းအတွင်း၌ လေလံတင်ရောင်းချမည်ဖြစ်ကာ ကိုယ်တိုင်သော်လည်းကောင်း၊ တရားဝင် လွှဲအပ်ထားတဲ့ ကိုယ်စားလှယ်ဖြင့်သော်လည်း ကောင်း လေလံဆွဲဝယ်ယူနိုင်တယ်လို့ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားရှိပါတယ်။ (မိုးမိုး)