Home  / News  / News Details

News Details

ရန်ကုန်မြို့တော် သာယာလှပရေးနှင့် လမ်းနယ်နိမိတ်အတွင်း ကျူးကျော်မှုများအား ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ညွှန်ကြား

May 6, 2026  /

ရန်ကုန်မြို့တော် သာယာလှပရေးနှင့် လမ်းနယ်နိမိတ်အတွင်း ကျူးကျော်မှုများအား ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ညွှန်ကြား

မေ

Myanmar Property Dealer

ရန်ကုန်မြို့တော်အတွင်းရှိ လမ်းနယ်နိမိတ်များနှင့် လမ်းဘေးပလက်ဖောင်းများပေါ်တွင် ကျူးကျော်ခြင်း၊ ဆိုင်ဖွင့်ခြင်းနှင့် အဆောက်အဦဆောက်လုပ်ခြင်းများ လုံးဝမရှိစေရေးအတွက် တာဝန်ရှိသူအသီးသီးမှ ဥပဒေနှင့်အညီ စိစစ်ဖယ်ရှား ဆောင်ရွက်သွားရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက တိုက်တွန်းမှာကြားခဲ့တယ်လို့သိရပါတယ်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ () ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတာပါ။

အစည်းအဝေးတွင် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ ရန်ကုန်မြို့တော် စနစ်တကျရှိစေရေးနှင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေးအတွက် လမ်းနယ်နိမိတ်များပေါ်တွင် ကျူးကျော်ဝင်ရောက် ဆောက်လုပ်နေထိုင်ခြင်းနှင့် လမ်းဘေးပလက်ဖောင်းများပေါ်၌ ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းတို့သည် အများပြည်သူ သွားလာမှုကို အနှောင့်အယှက်ဖြစ်စေသည့်အပြင် မြို့ပြအလှအပကိုလည်း ထိခိုက်စေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့ကြောင့် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် မိမိတို့ နယ်မြေအတွင်းရှိ လမ်းနယ်နိမိတ်များနှင့် ပလက်ဖောင်းများပေါ်တွင် ကျူးကျော်မှုများ မရှိစေရန် စဉ်ဆက်မပြတ် စိစစ်ရန်နှင့် ကျူးကျော်မှုများရှိပါက တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြတ်ပြတ်သားသား ဖယ်ရှားရှင်းလင်းသွားရန် အလေးထား မှာကြားခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တော်အတွင်း လျှပ်စစ်မီးတိုင်များနှင့် ဆက်သွယ်ရေးကြိုးများ စနစ်တကျရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် ဝန်ကြီးချုပ်က ဆွေးနွေးညွှန်ကြားခဲ့တယ်လို့လည်းသိရပါတယ်။