Home  / News  / News Details

News Details

လှိုင်သာယာ၊ စက်မှုဇုန်ထဲမှာ အနော်ရထာစက်မှုဇုန်ကို လုပ်ငန်းရှင်တချို့ အကြိုက်တွေ့

May 13, 2023  /

လှိုင်သာယာ၊ စက်မှုဇုန်ထဲမှာ အနော်ရထာစက်မှုဇုန်ကို လုပ်ငန်းရှင်တချို့ အကြိုက်တွေ့


မေလ (၁၃)ရက်။

Myanmar Property Dealer


 လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့ စက်မှုဇုန်တွေထဲမှာ အနော်ရထာစက်မှုဇုန်ကို လုပ်ငန်းရှင်များ၊ စီးပွားရေး သမားများက အကြိုက်တွေ့ကြတယ်လို့ သိရပါတယ်။

‘’ကျွန်တော်စက်မှုဇုန်တွေအားလုံးလိုက်ပြတော့၊အနော်ရထာစက်မှုဇုန်ကိုပဲကြိုက်တယ်ပြောတယ်။ဘာကြောင့်ကြိုက်တာလဲမေးတော့၊ဧရာဝတီတိုင်းထွက်ပေါက်ဖြစ်တယ်၊ဝင်လွယ်၊ထွက်လွယ်ဖြစ်တယ်။ဒီကနေထွက်သွားရင်လည်းထန်းတပင်၊ရန်ကုန်-ပုသိမ်လမ်း၊ဧရာ၀တီတိုင်း-ဗိုလ်ကလေး-မြင်းကကုန်းတို့ဘက်ဆက်သွားလို့ရတယ်။အဲဒီမှာသူတို့ကဓါတ်မြေဩဇာလုပ်ငန်းလုပ်ချင်တာ၊အနော်ရထာစက်မှုဇုန်ကနေထိန်းချုပ်ထားချင်တာ။ဒါကြောင့်အနော်ရထာစက်မှူဇုန်ထဲမှာဝယ်တယ်ဆိုရင်ဧရာ၀တီတိုင်းရဲ့ထွက်ပေါက်ကုန်စည်တွေကိုချုပ်ကိုင်ထားနိုင်မယ်လေ’’ဟုလည်း စက်မှုဇုန်အကျိုးဆောင်ကိုစိုးမိုးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။

လှိုင်သာယာမြို့နယ်ထဲမှာရှိတဲ့ စက်မှုဇုန်တွေရဲ့  အားသာချက်တစ်ခုဟာ ဧရာဝတီတိုင်းတစ်ခုလုံးနှင့် လွယ်လင့်တကူ ချိတ်ဆက်နိုင်ပြီး၊ ဧရာ၀တီတိုင်းကနေ ရန်ကုန်-ပုသိမ်-မုံရွာ ကားလမ်းမကြီး ရှိနေသလို၊ အမြန်လမ်းမှတဆင့် အမှတ် (၃)ကားလမ်းမ ကနေဆင်းလာတဲ့အခါ ၊ ရွေပြည်သာတံတားကို ဖြတ်ကျော်ပြီး လှိုင်သာယာမြို့နယ်ထဲမှာတဆင့် ဧရာဝတီတိုင်းကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်တဲ့ လမ်းကြောင်းများလည်း ရှိနေတာဘဲ ဖြစ်ပါတယ်။

ဒါ့အပြင်အနော်ရထာစက်မှုဇုန်ထဲမှာ ဂိုထောင်ဆောက်တာပဲဖြစ်ဖြစ်၊ လုပ်ငန်းလုပ်တာပဲဖြစ်ဖြစ် ဧရာဝတီတိုင်းနှင့် အထက်ကို ကုန်စည်စီးဆင်းချင်တယ်ဆိုရင်တော့ အနော်ရထာစက်မှုဇုန်ကို ရွေးချယ်သင့်တယ်လို့လည်း လှိုင်သာယာ စက်မှုဇုန်များကို အရောင်းအဝယ်လုပ်နေတဲ့ အကျိုးဆောင်များထံက သိရှိရပါတယ်။


 ပုံ-CRD

#အနော်ရထာစက်မှုဇုန်

#လှိုင်သာယာ

#myanmarpropertydealer

#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD

#yangon

#property

#stayinformed