Home  / News  / News Details

News Details

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ ခုက နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ အဆောက်အအုံ ၁၄ ခုကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်

Oct 17, 2026  /

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ ခုက နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ အဆောက်အအုံ ၁၄ ခုကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်


ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာရှိတဲ့ နှစ်ပေါင်း ၁၀၀ နဲ့အထက် သက်တမ်းရှိ အဆောက်အအုံ ၁၄ ခုကို ရှေးဟောင်းအဆောက်အအုံတွေအဖြစ် သတ်မှတ်လိုက်ပြီလို့ မြန်မာနိုင်ငံတော်ပြန်တမ်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်က ရှေးဟောင်းအုတ်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၅ ခု၊ စစ်ကိုင်းမြို့နယ်က ညောင်ရမ်းခေတ်နဲ့ အင်းဝခေတ်လက်ရာတွေ ကျန်ရှိနေတဲ့ ဘာသာရေးအဆောက်အအုံ ၅ ခု၊ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အဆောက်အအုံ ၃ ခုနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်က သီပေါဟော်နန်းတို့ ပါဝင်ပါတယ်။

အခုလို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခြင်းဟာ သမိုင်းဝင်အဆောက်အအုံတွေရဲ့ မူလလက်ရာနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်ထိန်းသိမ်းရေးအတွက် အရေးပါတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်တယ်လို့လည်းသိရပါတယ်။