Home  / News  / News Details

News Details

ရန်ကုန်တွင် တိုက်ခန်းငှားခများ မြင့်တက်လာ

Jul 4, 2024  /

ရန်ကုန်တွင် တိုက်ခန်းငှားခများ မြင့်တက်လာ

 တိုက်ပွဲရှောင်သူများပြားလာတာကြောင့် ရန်ကုန်တွင် တိုက်ခန်းငှားခများ ဆက်တိုက်မြင့်တက်လာတယ်လို့  ငှားရမ်းနေထိုင်ကြသူတွေရဲ့ပြောပြချက်တွေအရ သိရပါတယ်။

နိုင်ငံအတွင်းရှိ ဒေသအချို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရန်ကုန်မြို့သို့ ရွှေ့ပြောင်းလာသူများပြားလာကြောင်း သိရပါတယ်။

 ရန်ကုန်မြို့တိုက်ခန်းအငှား စျေးနှုန်းကလည်း ၃ နှစ်တာကာလအတွင်း နှစ်ဆနီးပါးမြင့်တက်သွားခဲ့ပြီး အခန်းလွတ်ရရန် မလွယ်တဲ့အခြေအနေဖြစ်နေတယ်လို့ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတဦးက ပြောပါတယ်။

 လက်ရှိတွင် ချင်းပြည်နယ် ၊ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မြန်မာပြည်အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် ဖြစ်ပေါ်နေတဲ့တိုက်ပွဲများကြောင့် ရန်ကုန်မြို့သို့ တိမ်းရှောင်လာသူများရှိနေတဲ့အတွက် တိုက်ခန်းအငှားစျေးကွက် ကိုရိုက်ခတ်လာစေခြင်းဖြစ်တယ်လို့လည်း တိုက်ခန်းဝယ်/ ငှားအကျိုးဆောင်လုပ်နေသူ တချို့ကပြောပါတယ်။

 လက်တလော ရန်ကုန်မြို့ရဲ့ တိုက်ခန်းအငှားစျေးအနေဖြင့် မြေညီထပ်ကို နေရာနှင့် လမ်းအပေါ်မူတည်ပြီး အနည်းဆုံး ကျပ် ၃ သိန်းခွဲမှ ၅ သိန်းနီးပါးရှိပြီး ကျန်အခန်းများအနေဖြင့် အထပ်အမြင့်ပေါ်မူတည်ပြီး အနည်းဆုံးကျပ် တသိန်းခွဲအထက်ရှိနေတယ်လို့လည်း သိရပါတယ်။  (မိုးမိုး)