Home  / News  / News Details

News Details

သန်လျင်တံတားဖွင့်ပြီးနောက်ပိုင်း သန်လျင်မြို့နယ်ရှိ အိမ်ခြံမြေဈေးနှစ်ဆမြင့်တက်လာ

Jun 15, 2024  /

သန်လျင်တံတားဖွင့်ပြီးနောက်ပိုင်း သန်လျင်မြို့နယ်ရှိ အိမ်ခြံမြေဈေးနှစ်ဆမြင့်တက်လာ

ဇွန်လ(၁၅)ရက်။

Myanmar Property Dealer


 ဇွန်လ ၈ ရက်နေ့က သန်လျင်တံတားဖွင့်ပြီးနောက်ပိုင်း သန်လျင်မြို့နယ်အတွင်းရှိ အိမ်ခြံမြေဈေးနှစ်ဆမြင့်တက်လာတယ်လို့  အိမ်ခြံမြေ ရောင်းဝယ်သူများထံမှ သိရပါတယ်။

 ဒီလိုအိမ်ခြံမြေဈေးမြင့်တက်လာရတာနဲ့ပတ်သက်ပြီးအိမ်ခြံမြေအကျိုးဆောင်တွေပြောပြရာမှာတော့''သန်လျင်မှာ အရင်တုန်းက အိမ်ဈေးသိန်း၉၀၀ ဆိုရင် အခုက သိန်း၁၃၀၀ လောက် ဖြစ်နေတယ်။ ဒါတောင်သန်လျင်အိမ်ခြံမြေဈေးက တခြားနေရာထက်စာရင် နည်းနည်း ဈေးသက်သာ သေးတယ်။ နောက်ပြီးတော့ သန်လျင်မှာက ၃၀၀ လောက်နဲ့ဝယ်လို့ရ သေးတ ယ်။ ဒီလိုသန်လျင်မှာအိမ်ခြံမြေအဝယ်လိုက်လာတယ်ဆိုတာကလည်း ဒီသန်လျင်တံတားကြီးပြီးသွားတာကြောင့်လည်းပါမယ်" ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးကပြောပါတယ်။

မိုးတွင်းကာလတွင် အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက်နှေးတဲ့သဘော ရှိပေမယ့် လက်ရှိတွင် သန်လျင် မြို့နယ်အတွင်း ရောင်းချရန် မြေကွက် မရှိသလောက် နည်းပါးနေခြင်းကြောင့် ဈေးနှုန်းကျဆင်းရန် မရှိကြောင်း လည်းသိရပါတယ်။

ဒါ့ပြင် သီလဝါ အထူးစီးပွားရေးဇုန် ရှိတဲ့အတွက် သန်လျင်မြို့နယ်က စီးပွားရေး လုပ်ဆောင်ရန် အကောင်းဆုံးသောမြို့ ဖြစ်လာမယ့်အပြင် သန်လျင်နှင့် ဆက်စပ်လျက်ရှိနေတဲ့ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်များရဲ့အိမ်ခြံမြေ ဈေးတွေကလည်း မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။(သဲသဲ)