Home  / News  / News Details

News Details

ဆိပ်ကြီးခနောင်တိုတံတားသစ်တည်ဆောက်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

May 26, 2023  /

ဆိပ်ကြီးခနောင်တိုတံတားသစ်တည်ဆောက်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

မေလ ( ၂၆ )ရက်။

Myanmar Property Dealer

                 ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)ကနေ ( ၂၀၂၃-၂၀၂၄ )ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မယ့်

ဆိပ်ကြီးခနောင်တိုမြို့နယ်နဲ့ ဒလမြို့နယ်အားဆက်သွယ်ထားတဲ့ ဆိပ်ကြီးခနောင်တိုတံတားသစ် တည်ဆောက်ခြင်းလုပ်ငန်းတွင် အသုံးပြုရန် လိုအပ်နေတဲ့ ဆောက်လုပ်ရေး   လုပ်ငန်းသုံး

ပစ္စည်းများ (လုပ်ငန်းခွင်အရောက်)ဝယ်ယူခြင်း၊ စက်/ယာဉ် ငှါးရမ်းခြင်းတို့အတွက်  မြန်မာ(ကျပ်) ငွေဖြင့် တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။

တင်ဒါလျှောက်လွှာပုံစံ ၊တင်ဒါစည်းကမ်းချက်များကို (၂၀ .၅.၂၀၂၃) ရက်နေ့မှ ( ၂ . ၆ .၂၀၂၃)ရက်နေ့အထိ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ တံတားဦးစီးဌာန၊ ဆိပ်ကြီးခနောင်တိုတံတား တည်ဆောက်ရေးစီမံကိန်းတွင်ရုံးချိန်အတွင်းသွားရောက်ဝယ်နိုင်တယ်လို့လည်းသိရပါတယ်။

အဆိုပါ ဆိပ်ကြီးခနောင်တိုတံတားကို ပြီးခဲ့တဲ့၂၀၂၀ ခုနှစ်၊ စက်တင်ဘာ ၈ ရက်က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီးလာမယ့် ၂၀၂၅ ခုနှစ်၊ မတ်လကုန်ပိုင်းတွင် တံတားသစ် ခန့်မှန်းတည်ဆောက်ပြီးစီး ရန်လျာထားတယ်လို့လည်းဆောက်လုပ်ရေး၀န်ကြီးဌာနမှ သိရပါတယ်။

တံတားကြီးတစ်စင်းလုံးပြီးစီးသွားပါက ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ရန်ကုန်မြို့ထဲသို့ မိနစ် (၂၀)အတွင်း ရောက်ရှိနိုင်မှာဖြစ်ပြီး ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် နေထိုင်ကြတဲ့ဒေသခံပြည်သူများအတွက် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။

 

#ဆိပ်ကြီးခနောင်တိုတံတားတင်ဒါ

#myanmarpropertydealer 
#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD #yangon #property #stayinformed