မီးလောင်ထားတဲ့မြေတွေကိုဝယ်ပြီးလူထုအကျိုးပြုလုပ်ငန်းတွေလုပ်နေတဲ့
Powerball ထီကံထူးရှင်
အောက်တိုဘာ (၁၉)ရက်။
Myanmar Property Dealer
ဒေါ်လာ
၂ ဘီလီယံကျော်တန်ဖိုးရှိတဲ့ ကမ္ဘာ့အကြီးဆုံး Powerball ထီဆုရှင် Edwin Castro ဟာ မီးလောင်ထားတဲ့ မြေတွေကိုပြန်လည်ဝယ်ယူပြီးအမေရိကန်သတင်းဌာနတွေရဲ့ခေါင်းကြီးပိုင်းသတင်းအဖြစ်ရေပန်းစားနေတာဘဲဖြစ်ပါတယ်။
ထီပေါက်ပြီးနောက် ဇိမ်ခံစံအိမ်တွေ၊ ကားတွေ ဝယ်ယူခဲ့တဲ့ Castro ဟာ အခုဆိုရင် လုံးဝကွဲပြားတဲ့
ပုံစံတစ်ခုနဲ့ ဒေသခံလူထုကို ကူညီနေတာဘဲဖြစ်ပါတယ်။
၂၀၂၂
ခုနှစ်မှာ Powerball ထီပေါက်ခဲ့တဲ့ Edwin Castro
ဟာ သူရဲ့မွေးရပ်မြေလည်းဖြစ်သလို
သူ့ဘဝကိုတဆစ်ချိုးပြောင်းလဲပေးခဲ့တဲ့
ကယ်လီဖိုးနီးယားပြည်နယ်၊
Altadena မြို့နယ်ကိုပြန်လည်
အာရုံစိုက်နေတာဘဲဖြစ်ပါတယ်။
မကြာသေးမီက
လော့စ်အိန်ဂျယ်လိစ်
(LA) တောမီးကြီးကြောင့်
မြို့နယ်တစ်ဝိုက်မှာ အိမ်တွေ အများအပြား မီးလောင်ပျက်စီးခဲ့ရတာဖြစ်ပြီး
Castro ဟာ မီးလောင်ပြီး ကျန်ရစ်ခဲ့တဲ့ မြေကွက်တွေ၊ အပျက်အစီးတွေကို ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံ ပြီး လိုက်လံဝယ်ယူနေပါတာဘဲဖြစ်ပါတယ်။
Wall Street Journal ရဲ့နောက်ဆုံးရသတင်းများအရ
Castro ဟာ လက်ရှိတွင် မြေကွက်ပေါင်း ၁၅ကွက်အထိဝယ်ယူထားတာြဖစ်ပြီး
စုစုပေါင်းတန်ကြေးအနေနဲ့ဒေါ်
၁၀သန်းအထိဝယ်ယူထားပြီးပြီဖြစ်ကာ ဒီလို
ဝယ်ယူမှုတွေကြောင့် သူဟာ လက်ရှိမှာ Altadena မြို့ရဲ့ အကြီးဆုံး မြေပိုင်ရှင် တွေထဲက တစ်ဦး ဖြစ်လာခဲ့တာဘဲဖြစ်ပါတယ်။
Altadena မြို့ဟာ LA တောမီးကြီးကြောင့်
အဆောက်အဦပေါင်း ၉၀၀၀ ကျော်ဆုံးရှုံးခဲ့ရပြီး ဧကပေါင်း ၂၄၀၀၀ ခန့်ပျက်စီးခဲ့တာဘဲဖြစ်ပါတယ်။
Castro ရဲ့ ရည်ရွယ်ချက်ကတော့ရင်းနှီးမြှုပ်နှံသူတွေလို
မြေဈေးမြှင့်တင်ဖို့မဟုတ်ဘဲပျက်စီးမှုတွေကြုံတွေ့ခဲ့ရတဲ့
သူရဲ့မွေးရပ်မြို့ကလေးပြန်လည်ထူထောင်ရန်နှင့်
မီးဘေးကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတဲ့ ဒေသခံတွေကိုကူညီဖို့အတွက် ဖြစ်တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင်
သူဝယ်ယူထားတဲ့မြေကွက်တွေပေါ်မှာ
မူလ Altadena မြို့ရဲ့ ဗိသုကာလက်ရာ (Architecture)
ပုံစံမပျက်တဲ့ အိမ်အသစ်တွေကို ပြန်လည်တည်ဆောက်ပေးဖို့ စီစဉ်နေတယ်လို့လည်းသိရပါတယ်။