Myanmar Property Dealer
နိုဝင်ဘာ (၄)ရက်။
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊အောင်မြင့်မိုရ်အိမ်ရာရှိတိုက်ခန်းများအား ဝယ်ယူခွင့်ရရှိထားသူများအနေဖြင့် အခန်းတန်ဖိုးငွေအကြေပေးသွင်းပြီးပါက အိမ်ပေါ်တက်ရောက်
နေထိုင်ခွင့်၊ အခန်းပိုင်ဆိုင်ခွင့်မှတ်ပုံတင်စာအုပ် (Owner Book)ထုတ်ယူနိုင်ပြီဟုသိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့မှစတင်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ (မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန) ကနေ ၎င်းတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားလည်းဖြစ်ပါတယ်။
‘’ကျွန်မတို့ အခုလ (၂)ရက်နေ့မှာ အောင်မြင်မိုရ်အိမ်ရာမှာစပြီးတော့ကြော်ငြာပါတယ်။ဒီတောင်ဒဂုံမှာရှိတဲ့ အောင်မြင့်မိုရ်အိမ်ရာတိုက်ခန်းကိုဝယ်ယူခွင့်ရရှိထားသူတွေအနေဖြင့်အခန်းတန်ဖိုးငွေအကြေပေးသွင်းပြီး အိမ်ပေါ်တက်ရောက်နေထိုင်ခွင့် ရရှိထားသူများအနေဖြင့်အခန်းပိုင်ဆိုင်ခွင့်မှတ်ပုံတင်စာအုပ်(Owner Book)ကိုရုံးမှာလာထုတ်ယူလို့ရပါပြီ။ဒါပေမယ့်လည်း ကျွန်မတို့ရောင်းချထားတာကတိုက်ခန်းပေါင်း (၄၀၀)ကျော်တဲ့အခါကျတော့ အားလုံးကိုတပြိုင်နက်တည်းထုတ်မပေးနိုင်ပါဘူး၊တစ်နေ့ကို လာလျှောက်ကြတဲ့သူ ၃၀လောက်ရှိတယ်။သူတို့ကို ကျွန်မတို့ဆီမှာရှိတဲ့ဝန်ထမ်းတွေက အဆင်ပြေအောင်လုပ်ပေးတယ်။တချို့ကိုဖုန်းဆက်ပြီးအကြောင်းကြားပေးတယ်။ဒီလိုမျိုးတွေလုပ်ပေးနေပါတယ်’’လို့လည်း အခန်းပိုင်ဆိုင်ခွင့်မှတ်ပုံတင်စာအုပ်ထုတ်ယူတာနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ (မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန)မှတာဝန်ရှိသူတစ်ဦးမှပြောတာပါ။
အခန်းပိုင်ဆိုင်ခွင့်မှတ်ပုံတင်စာအုပ် (Owner Book)ထုတ်ယူလိုပါက သတ်မှတ်ထားတဲ့လျှောက်လွှာပုံစံကိုဖြည့်သွင်းပြီး၊ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲသို့သွားရောက်လျှောက်ထားနိုင်ကြောင်းလည်းသိရပါတယ်။
#တန်ဖိုးနည်းအိမ်ရာများ
#အောင်မြင့်မိုရ်အိမ်ရာ
Website Link-
https://myanmarpropertydealer.com/en
App
Link-https://play.google.com/store/apps/details...
Youtube
Link-https://www.youtube.com/channel/UCsHbWEX-0Xs3Dxx8yZXBc0Q
https://t.me/myanmarpropertydealer
https://play.google.com/store/apps/details?id=com.futurehub.real_estate_app
https://play.google.com/store/apps/details?id=com.futurehub.real_estate_app