Home  / News  / News Details

News Details

အိမ်ခြံမြေဈေးကွက်ရောင်းအဝယ်အေးနေရခြင်းမှာဒေါ်လာဈေးကျဆင်းကြောင့်မဟုတ်ပဲရာသီပွဲတော်လဖြစ် သည့်အတွက်ဟုဆို

Oct 10, 2022  /

အိမ်ခြံမြေဈေးကွက်ရောင်းအဝယ်အေးနေရခြင်းမှာဒေါ်လာဈေးကျဆင်းကြောင့်မဟုတ်ပဲရာသီပွဲတော်လဖြစ် သည့်အတွက်ဟုဆို
 
Myanmar Property Dealer
အောက်တိုဘာ - ၁၀ရက်။
 
 
''တစ်ချို့တွေကပြောကြတယ်။ဒေါ်လာဈေးကြောင့်၊ရွေဈေးကြောင့်ဆိုပြီးတော့ပေါ့နော်။တကယ်တော့ကျွန်မတို့လုပ်လာတဲ့အကျိုးဆောင်သက်တမ်းနှစ်(၃၀)ကျော်အတွေ့အကြုံအရအခုလိုပွဲတော်ရက်ကြီးတေွဆိုရင်အရောင်းအဝယ်ကိုကအေးနေတာ။ဘာလို့လဲဆိုတော့ သွားကြမယ်။လာကြမယ်။ဒီတော့ ဒီအရောင်းအဝယ် ဖက်ကို မလှည့်ကြတော့တာလေ။ကျွန်မတို့အိမ်ခြံမြေအကျိုးဆောင်အလုပ်ဆိုတာကတခြားအလုပ်တွေလို မိုးတွင်းမို့အလုပ်ပါးတယ်။ဘာညာဆိုတာမရှိဘူး၊သူ့ဟာနဲ့သူဖြစ်နေတာ၊အခုလိုပွဲတော်ကာလကလွဲလို့ပေါ့''ဆိုပြီးအရှေ့ဒဂုံအိမ်ခြံမြေအကျိုးဆောင်ဒေါ်မို့မို့အေးကပြောတာပါ။
 
အထူးသဖြင့် ဒဂုံမြို့သစ်လေးမြို့နယ်ဖြစ်တဲ့ အရှေ့ဒဂုံ၊တောင်ဒဂုံ၊မြောက်ဒဂုံနှင့် ဒဂုံဆိပ်ကမ်းမြို့များတွင်နိုင်ငံတော် အဆင့်စီမံကိန်းများအကောင်အထည်ဖော်နေတဲ့ အရှေ့ဒဂုံကိုလာရောက်နေထိုင်သူများပြာလာနေတယ် လို့လည်း သူကဆိုပါတယ်။