Home  / News  / News Details

News Details

ယခုလအတွင်းဖွင့်လှစ်နိင်ဖို့ပြင်ဆင်နေတဲ့ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတား

Jan 10, 2026  /

ယခုလအတွင်းဖွင့်လှစ်နိင်ဖို့ပြင်ဆင်နေတဲ့ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတား

ဇန်နဝါရီ (၁၀)ရက်

Myanmar Property Dealer

 

 

ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတား ကိုယခုလအတွင်းဖွင့်လှစ်သွားမယ်လို့တံတားတည်ဆောက်ရေးစီမံကိန်းနှင့်နီးစပ်သူများထံမှသိရပါတယ်။

တံတားတည်ဆောက်ရေးလုပ်ငန်းစဥ်များဟာရာခိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီး တံတားဖွင့်ပွဲအတွက်သင့်တော်မယ့်ရက်ကိုသက်ဆိုင်ရာအကြီးအကဲများမှရွှေးချယ်စီစစ်နေပြီဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်-ဒလ တံတားမှာ သံမဏိကြိုးဆိုင်း လေးလမ်းသွား တံတားကြီးဖြစ်ပြီး  တန်ချိန် ၁၅၀၀၀ အထိရှိတဲ့ သင်္ဘောကြီးများ ရေလမ်းကင်း လွတ်စွာ သွားလာနိုင်ရန် အမြင့်ပေ ၁၆၀ ခန့် နှင့် ရေလမ်းကင်းလွတ် အကျယ် ၅၂၅ပေ ထားရှိ ဆောက်လုပ်ထားတာြဖစ်ပြီး ယာဉ်တစ်စင်းချင်း ခံနိုင်ဝန်အားအနေနဲ့ ၇၅ တန်အထိရှိတာပဲဖြစ်ပါတယ်။

အဆိုပါ ဒလတံတားတည်ဆောက်ရေး အသေးစိတ်ဒီဇိုင်းကို ကိုရီးယားသမ္မတ နိုင်ငံ Soosoog Co.Ltd က ရေးဆွဲခဲ့ပြီး ကိုရီးယားပညာရှင်များပါဝင်သော ကိုရီးယား GS Engineering Group က အဓိက တာ၀န်ယူတည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ (EDCFI Loan) ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒဿမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ ဒေါ်လာ ၃၀ ဒဿမ ၃၄၁ သန်း အပါ အဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ သန်းကျော် အကုန်ကျခံပြီး တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

 မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားမှာ  ပင်မတံတား အရှည် ၂၂၆၄ ပေ၊ ရန်ကုန်ဘက်ချဉ်းကပ်တံတား အရှည် ၁၈၉၁ ပေ၊ ဒလဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၁၉၇၂ ပေ၊ ရန်ကုန် ဘက်ကမ်းနှင့် ဒလဘက်ကမ်းချဉ်းကပ် လမ်းအရှည်မှာ ၃၄၅၃ ပေဖြစ်ပြီး တံတားတစ်စင်း လုံး၏ စုစုပေါင်းအရှည်မှာ ၆၁၂၇ ပေ ရှိကြောင်း သိရှိရပါတယ်။