Home  / News  / News Details

News Details

ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးစက်နေ

Jul 22, 2024  /

ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးစက်နေ



လက်ရှိရန်ကုန်အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ်အေးစက်နေတယ်လို့အိမ်ခြံမြေအကျိုးတော် ဆောင်လုပ်ကိုင် သူများ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ရင်းနှီးမြှုပ်နှံသူများ၊ ဈေးကစားလိုသူများ အာရုံစိုက်ခြင်းခံခဲ့ရတဲ့ ရန်ကုန် အိမ်ခြံမြေဈေးကွက်က ၂၀၂၄ ခုနှစ် နှစ်စမှစတင်ကာဈေးကွက်အတွင်းဈေးငြိမ်နေခြင်းလည်းဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် နှစ်နှစ်တာကာလအတွင်း ဘဏ်စနစ်အကြပ်အတည်းကြောင့် အိမ်ခြံမြေဈေးကွက်တွင်းသို့ ငွေပိုငွေလျှံရှိသူများ၊ ရင်းနှီးမြှုပ်နှံသူများ စုပြုံဝင်ရာက်ခဲ့ရာကနေ အိမ်ခြံမြေဈေး အဆမတန် ခုန်တက်ခဲ့ပြီး ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ အရောင်းအဝယ် ပုံမှန်အတိုင်းရှိနေခဲ့တာပဲဖြစ်ပါတယ်။
ရန်ကုန်အိမ်ခြံမြေဈေးကွက်က တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ နယ်ဒေသအသီးသီးမှ လုပ်ငန်းရှင်များ အိမ်ခြံ မြေဈေးကွက်အတွင်းသို့ ဝင်ရောက် ဈေးကစားလာခြင်းနှင့် အိမ်ခြံမြေအခွန် တင်းကြပ်လာခြင်းတို့ ဖြစ်ပေါ်ပြီးနောက်ပိုင်း အရောင်းအဝယ် အေးစက်သွားခဲ့ခြင်းဖြစ်ပါတယ်။
ယင်းအပြင် SP ၊ GP လွှဲပြောင်းရယူကာ ဈေးကစားခြင်းများကို ယခုနောက်ပိုင်းတွင် အိမ်ခြံမြေအရောင်းအဝယ်စာချုပ်ချုပ် ဆိုကာ ရောင်းခွန်ဆောင်ပြီးမှ လွှဲပြောင်းရယူခွင့်ပြုမှုကြောင့် လည်း ဈေးကွက်အတွင်း အမှန်တကယ်လိုအပ်သူသာ အရောင်း အဝယ် ပြုလုပ်လျက်ရှိနေတာကိုတွေ့ရှိရပါတယ်။