Home  / News  / News Details

News Details

မိုခါမုန်တိုင်းရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုအနေနဲ့ အိုးအိမ်ပစ္စည်းဆုံးရှုံးမှုအများဆုံးရှိနေတဲ့ ရခိုင်ပြည်နယ်

May 25, 2023  /

မိုခါမုန်တိုင်းရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုအနေနဲ့ အိုးအိမ်ပစ္စည်းဆုံးရှုံးမှုအများဆုံးရှိနေတဲ့ ရခိုင်ပြည်နယ်
မေလ( ၂၅ )ရက်။
Myanmar Property Dealer
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ရဲ့ ဖြတ်သန်းတိုက်ခတ်မှုအရှိန်ကြောင့် ရခိုင်ပြည်နယ်အတွင်း အိုးအိမ်အဆောက်အဦများ ထိခိုက် ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့နေခဲ့ကြရတာပါ။
ပြီးခဲ့တဲ့ မေလ (၁၄) ရက်နေ့ နံနက်ပိုင်းက အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ရခိုင် ပြည်နယ်မှတစ်ဆင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တို့ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တာပါ။
ကျေးရွာပေါင်း (၃၇၀၀)ကျော် ရှိတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ကြိုတင်သတိပေး ကာကွယ်မှုများရှိနေတာကြောင့် သေဆုံးသူဦးရေမှာ နည်းပါသော်လည်း မုန်းတိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ လူနေအိမ်ပေါင်း (၁၈၀၀၀၀) ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။
ဒီလို ပျက်စီးဆုံးရှုံးသွားတဲ့ နေအိမ်အဆောက်အအုံများအတွက် ပြန်လည်ပြုပြင်မှုများ လိုအပ်နေသလို ဆောက်လုပ်ရေးလုပ်ငန်းသုံး (သွပ် ၊သံ၊ သစ်)များဟာလည်း အရင်ကထက် ဈေး (၃)ဆ ၊(၄)ဆလောက် ထိမြင့်တက်နေတယ်လို့လည်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဒေသခံတစ်ဦးထံက သိရပါတယ်။