Home  / News  / News Details

News Details

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းပြန်လည်စတင်ရန်ထိုင်းအစိုးရဖက်ခြမ်းမှစိတ်ဝင်စားပြီးပြန်လည်ဆက်သွယ်လာမှုများရှိဟုသိရ#

Jan 12, 2024  /

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းပြန်လည်စတင်ရန်ထိုင်းအစိုးရဖက်ခြမ်းမှစိတ်ဝင်စားပြီးပြန်လည်ဆက်သွယ်လာမှုများရှိဟုသိရ

ဇန်နဝါရီ(၁၂)ရက်။

Myanmar Property Dealer

 

 

ထိုင်းနိုင်ငံ လက်ရှိအစိုးရအနေဖြင့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို  စိတ်ဝင်စားပြီး ပြန်လည်ဆက်သွယ် လာတဲ့ အနေအထားများရှိနေတယ်လို့သိရပါတယ်။

၂၀၀၈ ခုနှစ်ကတည်းက ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကိုစတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တာဝန်ပေးထားတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီက ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်း ရပ်စဲထားခဲ့တာဖြစ်ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းက  ဟက်တာဝဝဝဝ အကျယ် အဝန်းရှိပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးပါက အရှေ့တောင်အာရှတွင် အကြီးဆုံးစီးပွားရေးဇုန် ဖြစ်လာမှာဖြစ်တယ်လို့သိရပါတယ်။

 
ပြီးခဲ့တဲ့နှစ်ပိုင်းကလည်း ထိုင်းအစိုးရသစ်က ကရားကျွန်းဆွယ်ကို ဖြတ်သန်းဖောက်လုပ်မယ့် ဒေါ်လာ (၂၈) ဘီလီယံတန် ကုန်းလမ်းချိတ်ဆက်မှုစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေနေတယ်လို့သိရပြီးအဆိုပါစီမံကိန်းကအက်ဒမန်ကမ်းရိုးတန်းရှိ ရနောင်းမြို့နှင့် ထိုင်းနိုင်ငံ ပင်လယ်ကွေ့ရှိ ချွန်ဖွန်တို့တွင် ရေနက်ဆိပ်ကမ်းတစ်ခုစီ ထားရှိပြီး ၎င်းဆိပ်ကမ်းနှစ်ခုကို ရထားလမ်း၊ ကားလမ်းတို့ဖြင့် ချိတ်ဆက်ရန် ဒီဇိုင်းထုတ်ထားဘဲဖြစ်ပါတယ်။