Home  / News  / News Details

News Details

ရုပ်ရှင်မြို့တော်စီမံကိန်း" အတွက် EOI အောင်မြင်ထားသည့် ကုမ္ပဏီများကို တင်ဒါစတင်ခေါ်ယူ

Sep 9, 2025  /

ရုပ်ရှင်မြို့တော်စီမံကိန်း" အတွက် EOI အောင်မြင်ထားသည့် ကုမ္ပဏီများကို တင်ဒါစတင်ခေါ်ယူ

စက်တင်ဘာ  (၉)ရက် ။

Myanmar Property Dealer

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အကောင်ထည်ဖော်ဆောင်ရွက်နေတဲ့ '' ရုပ်ရှင်မြို့တော်စီမံကိန်း" အတွက် စိတ်ဝင်စားမှုဖော်ပြလွှာ(EOI) အောင်မြင်ထားတဲ့ကုမ္ပဏီများ ကို တင်ဒါစတင်ခေါ်ယူပြီဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ EOI အောင်မြင်ထားသော ကုမ္ပဏီများအနေဖြင့် စက်တင်ဘာ ၁၆ ရက်နောက် ဆုံးထားပြီး တင်ဒါပုံစံတင်သွင်းရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

"ရုပ်ရှင်မြို့တော်စီမံကိန်း" အတွက် စိတ်ဝင် စားမှုဖော်ပြလွှာ( EOI)များ တင်သွင်းရန် ဇွန် ၂၇ ရက်တွင် မြန်မာ့အလင်းသတင်းစာနှင့် ဇွန် ၂၈ ရက်တွင် ကြေးမုံသတင်းစာတွင် လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး Facebook Page နှင့် Telegram MMPA Info မှ လည်းကောင်း ကြော်ငြာထည့်သွင်း ခေါ်ယူခဲ့ပြီး ဒါကြောင့် EOI အောင်မြင်ထားသော ကုမ္ပဏီများအနေဖြင့် စက်တင်ဘာ ၁၆ ရက်၊ ညနေ နာရီ နောက်ဆုံး ထားပြီး တင်ဒါပုံစံများ တင်သွင်းကြရန် အသိပေး နှိုးဆော်ချက်ကို ရုပ်ရှင်အစည်းအရုံးက စက်တင် ဘာ ရက်တွင် ထုတ်ပြန်ထားရှိပါတယ်။

 မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့်  ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မင်း ကုန်းကျေးရွာအနီးတွင် ရုပ်ရှင်မြို့တော်တည် ဆောက်ရန်အတွက် မြေဧက(၂၀ဝ) လုပ်ပိုင်ခွင့် ရရှိထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။

အဆိုပါမြေနေရာတွင် '' ရုပ်ရှင်မြို့တော် စီမံကိန်း" Master Planအရ အပိုင်းလိုက် လုပ်ငန်း ဖော်ဆောင်မှာဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စိတ် ပါဝင်စားသူ လုပ်ငန်းရှင်များအနေဖြင့် စိတ်ဝင်စားမှုဖော်ပြလွှာ-Expression of Interest (EOI) Form များတင်သွင်းနိုင်ရန် ဖိတ်ခေါ်ခဲ့ပြီး ဇူလိုင် ၁၁ ရက်နောက်ဆုံးထား Form ပြန်လည် တင်သွင်းနိုင်ရန် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အကောင်အထည်ဖော်မဲ့ ရုပ်ရှင်မြို့ တော်စီမံကိန်းတွင် ဇုန် ၁၀ ဇုန်ဖြင့် မြန်မာနိုင်ငံ မြို့ကြီးများမှ အထင်ကရနေရာများ၊ ရုပ်ရှင် လောကသားများအတွက် တိုင်းရင်းသား လူမျိုးအသီးသီး၏ ပုံစံတူ နေအိမ်များ၊ ရေတံခွန်နှင့် ချောင်းများပါဝင်သည့် ပုံစံတူတောအုပ်များ၊ စတူဒီယိုများ၊ အများပြည် သူအပန်းဖြေနားနေရန် နေရာများ၊ စားသောက် ဆိုင်များ၊ ကားရပ်နား ကွင်းများနှင့် ကလေးကစားကွင်းများ ပါဝင်ထည့်သွင်းတည်ဆောက်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်။

 အဆိုပါစီမံကိန်းသည် နှစ် ၃၀ လုပ်ပိုင်ခွင့် ရရှိထားပြီး ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် ၂၀၊ ဖာလုံတွင် (လှည်းကူးမြို့နယ်၊ မင်း ကုန်း ကျေးရွာအနီး) တည်ရှိပြီး အကျယ်အဝန်း ဧက ၂၀ဝ ခန့် ရှိတယ်လို့သိရပါတယ်။