Home  / News  / News Details

News Details

မြန်မာနိုင်ငံသားများတချို့ ဘန်ကောက်မြို့အပြင် လုံးချင်းအိမ်ရာ စီမံကိန်းများရှိတဲ့ ချင်းမိုင်နှင့် ဖူးခက်တို့တွင် အပန်းဖြေအိမ်ရာများဝယ်ယူပြင်ဆင်မှုများရှိနေ

Feb 9, 2024  /

မြန်မာနိုင်ငံသားများတချို့ ဘန်ကောက်မြို့အပြင် လုံးချင်းအိမ်ရာ စီမံကိန်းများရှိတဲ့ ချင်းမိုင်နှင့် ဖူးခက်တို့တွင် အပန်းဖြေအိမ်ရာများဝယ်ယူပြင်ဆင်မှုများရှိနေ ဖေဖော်ဝါရီ (၈) ရက် Myanmar Property Dealer မြန်မာနိုင်ငံသားများတချို့ ဘန်ကောက်မြို့အပြင် လုံးချင်းအိမ်ရာ စီမံကိန်းများရှိတဲ့ ချင်းမိုင်နှင့် ဖူးခက်တို့တွင် အပန်းဖြေအိမ်ရာများဝယ်ယူပြင်ဆင်မှုများရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ မြန်မာနိုင်ငံသားများအနေဖြင့် ချင်းမိုင်တွင် ၁ ယူနစ်လျှင် ဘတ် ၂၀ သန်းမှ ၃၀ သန်း တန်ဖိုး ရှိသော လုံးချင်းအိမ်များနှင့် ဖူးခက်ရှိ Laguna နှင့် Bangtao ကမ်းခြေနေရာများရှိ ဘတ် ၄၀ သန်းတန် ဗီလာများကို ဝယ်ယူရန်စိတ်ဝင်စားမှုများရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကနေလာဝယ်တဲ့သူတွေအများစုက ကိုယ်တိုင်နေထိုင်ရန်၊ သားသမီးများပညာရေးနှင့် ကိုယ်တိုင်ကျန်းမာရေးကုသမှုအတွက် နေထိုင်ရန် ဘန်ကောက်တွင်သာ ဝယ်ယူမှုရှိနေတာဖြစ်ပြီး၊အလားတူ ဆေးရုံ၊ဈေးဝယ်စင်တာများနှင့် နီးစပ်သော Thong Lor၊ Asok၊ Phrom Phong၊ Nana နှင့် Phloenchit အနီးတစ်ဝိုက်၊ ကျောင်းများနှင့် မြန်မာသံရုံးနှင့် နီးစပ်သော Sathon နှင့် Silom အနီးတစ်ဝိုက်တွင်လည်း စိတ်ဝင်စားမှုရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသားများအနေဖြင့်ထိုင်းပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် မိခင်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းထက် ပိုမိုစိတ်ချရသည်ဟု ယုံကြည်မှုများရှိနေသလိုမြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများရှိသော်လည်း ထိုင်းနိုင်ငံကို နေထိုင်ရာဒုတိယအိမ်အဖြစ် သတ်မှတ်ထားတာဖြစ်တယ်လို့ အိမ်ခြံမြေလုပ်ကိုင်သူတွေက သုံးသပ်ထားပါတယ်။