Home  / News  / News Details

News Details

ဇမ္ဗူသီရိမြို့နယ်ရှိ သုခတော်ဝင်အိမ်ရာအပိုင်း(၂) တိုက်ခန်းများ ဝယ်ယူလျှောက်ထားနိုင်

May 19, 2026  /

ဇမ္ဗူသီရိမြို့နယ်ရှိ သုခတော်ဝင်အိမ်ရာအပိုင်း() တိုက်ခန်းများ ဝယ်ယူလျှောက်ထားနိုင်

မေလ (၁၈)

Myanmar Property Dealer

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်တွင် တည်ဆောက်လျက်ရှိတဲ့ သုခတော်ဝင်အိမ်ရာအပိုင်း()” စီမံကိန်းမှ တိုက်ခန်းများကို ဝယ်ယူလိုသူများအတွက် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ စီမံကိန်းတွင် ()ခန်းတွဲ ()ထပ်တိုက်များ တည်ဆောက်လျက်ရှိပြီး တိုက်ခန်းတစ်ခန်းလျှင် အိပ်ခန်း()ခန်း (၁၀၉၂) စတုရန်းပေကျယ်ဝန်းသော တိုက်ခန်းများနှင့် အိပ်ခန်း()ခန်းပါဝင်တဲ့ (၇၃၂) စတုရန်းပေကျယ်ဝန်းသော တိုက်ခန်းများ ပါဝင်ပြီး မြေညီထပ်မှ စတုတ္ထထပ်အထိ တိုက်ခန်းများကို သတ်မှတ်ဈေးနှုန်းများဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံသား မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားရှိပါတယ်။

ဈေးနှုန်းများအနေဖြင့် မြေညီထပ်ရှိ (3 Bed) တိုက်ခန်းများကို ကျပ်သိန်း(၂၅၀၀) နှင့် (2 Bed) တိုက်ခန်းများကို ကျပ်သိန်း(၁၇၅၀) ဖြင့် သတ်မှတ်ထားရှိပြီး ပထမထပ်တွင် (3 Bed) တိုက်ခန်းများကို ကျပ်သိန်း(၂၄၀၀) (2 Bed) တိုက်ခန်းများကို ကျပ်သိန်း(၁၆၀၀) ဖြင့် ရောင်းချမည်ဖြစ်ပြီး ဒုတိယထပ်တွင် (3 Bed) တိုက်ခန်းများကို ကျပ်သိန်း(၂၂၀၀) (2 Bed) တိုက်ခန်းများကို ကျပ်သိန်း(၁၄၀၀) ဖြင့် သတ်မှတ်ထားပြီး တတိယထပ်တွင် (3 Bed) တိုက်ခန်းများကို ကျပ်သိန်း(၁၈၅၀) (2 Bed) တိုက်ခန်းများကို ကျပ်သိန်း(၁၃၀၀) ဖြင့် ရောင်းချသွားမှာဖြစ်တယ်လို့သိရပါတယ်။

ဝယ်ယူလိုသူများအနေဖြင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမိတက်တွင် မိမိဝယ်ယူလိုတဲ့ တိုက်ခန်းအမျိုးအစားအလိုက် (3 Bed) အတွက် ကျပ်သိန်း(၂၃၀) နှင့် (2 Bed) အတွက် ကျပ်သိန်း(၁၅၀) ကို အာမခံစပေါ်ငွေအဖြစ် ပေးသွင်းထားသည့် PO Cheque (မူရင်း) ဖြင့် သုခတော်ဝင်အိမ်ရာ စိစစ်နေရာချထားရေးဆပ်ကော်မတီမှ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ပူးတွဲ၍ စီမံရေးရာဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီသို့ လာရောက်လျှောက်ထားနိုင်ကြောင်း အသိပေးထားရှိပါတယ်။

လျှောက်လွှာတင်သွင်းသူ အရေအတွက်ပေါ်မူတည်ပြီးတိုက်ခန်းများကို မဲနှိုက်စနစ်ဖြင့် နေရာချထားပေးမည်ဖြစ်ပြီး မဲပေါက်သူများအနေဖြင့် မဲနှိုက်ပြီး ()ပတ်အတွင်း တိုက်ခန်းတန်ဖိုး၏ ကနဦး(၄၀%) ကို ပေးသွင်းရမှာဖြစ်ပြီး ကျန်ရှိတဲ့ (၆၀%) ကို လက်ငင်းအကျေစနစ်ဖြင့် ပေးသွင်းလိုသူများအား ()လအတွင်း ပေးသွင်းစေမှာဖြစ်ပြီး အရစ်ကျစနစ်ဖြင့် ပေးသွင်းလိုသူများအား ()()ရစ်ဖြင့် တစ်ရစ်လျှင် (၁၀%) စီ ပေးသွင်းခွင့်ပြုမှာဖြစ်တယ်လို့သိရပါတယ်။

 ဒါ့အပြင် ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူလိုသူများအနေဖြင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်နှင့် ()လအတွင်း ဆက်သွယ်ပြီး ချေးငွေသက်တမ်း ()နှစ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရပါတယ်။