Home  / News  / News Details

News Details

ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအတွင်းရှိလယ်မြေများပေါ်တွင်ခွင့်ပြုချက်မရှိ ဆောက်လုပ်ထားသည့် တရားမဝင်အဆောက်အအုံများ ဇူလိုင်လ (၆) ရက် နောက်ဆုံးထား ဖယ်ရှားပေးရမည်

Jun 30, 2023  /

ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအတွင်းရှိလယ်မြေများပေါ်တွင်ခွင့်ပြုချက်မရှိ ဆောက်လုပ်ထားသည့် တရားမဝင်အဆောက်အအုံများ ဇူလိုင်လ (၆) ရက် နောက်ဆုံးထား ဖယ်ရှားပေးရမည်

ဇွန်လ(၃၀)ရက်။

Myanmar Property Dealer

မန္တလေး၊ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအတွင်းရှိ လယ်ယာမြေများပေါ်တွင် တရားမဝင် ဆောက်လုပ်ထားရှိတဲ့ အဆောက်အအုံများကို ဇူလိုင်လ (၆) ရက် နေ့နောက်ဆုံးထား ဖယ်ရှားပေးရမှာဖြစ်တယ်လို့  မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့က ပြီးခဲ့တဲ့ဇွန်လ (၂၆)ရက်နေ့နေ့စွဲဖြင့်အမိန့်ထုတ်ပြန်ထားရှိကြောင်းသိရပါတယ်။

ပုသိမ်ကြီးမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ရဲ့ထုတ်ပြန်ကြေညာချက်ထဲတွင်’’လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်(ပုံစံ-၇)ရရှိထားတဲ့လယ်ယာမြေများပေါ်တွင်တရားမဝင်ကျူးလွန်ဆောက်လုပ်ထားခြင်းများဖြစ်သဖြင့်သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှအကြိမ်ကြိမ်နို့တစ်စာများပေးပို့ခြင်းနှင့်နိုင်ငံပိုင်သတင်း စာများတွင်ထည့်သွင်းအသိပေးကြော်ငြာခဲ့ပြီးဖြစ်ပါသဖြင့်ဇူလိုင်လ (၆)ရက်နေ့နောက်ဆုံး ထားပြီး မိမိ အစီအစဉ်ဖြင့်ဖျက်သိမ်းဖယ်ရှားရမှာဖြစ်ပြီးဖျက်သိမ်းဖယ်ရှားခြင်းမပြုပါက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ၊ နည်းဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့” အမိန့်ထုတ်ပြန်ထားရှိပါတယ်။

ဒါ့အပြင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကလည်း’’လယ်ယာမြေဥပဒေပုဒ်မ -၁၉( ဃ  )အရ လယ်ယာ မြေပေါ်တွင်ခွင့်ပြုချက်မရှိဘဲဆောက်လုပ်ထားရှိတဲ့ အဆောက်အအုံများကိုဇူလိုင်လ(၆)ရက်နေ့နောက်ဆုံးထား ဖယ်ရှားသွားရန်၊လယ်ယာမြေဥပဒေပုဒ်မ၁၉(ခ)အရသတ်မှတ်သည့်နည်းလမ်းအတိုင်းလယ်ယာမြေကိုဇူလိုင်လ(၆)ရက်နေ့နောက်ဆုံးထားဆောင်ရွက်သွားရန်အမိန့်ချမှတ်လိုက်သည်’’ဟုလည်းထုတ်ပြန်ထားရှိပါတယ်။

ပြီးခဲ့တဲ့ မေလ (၂၇) ရက်ကလည်းမန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ ပုံစံ (၇) လယ်ယာမြေများအား အကွက်ရိုက်ပြီး တရားမဝင်ရောင်းချနေတဲ့အပေါ် အရေးယူဆောင်ရွက်သွား မှာဖြစ်တယ်လို့လည်းအောင်မြေသာစံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စာထုတ်အသိပေးထားပြီးလည်းဖြစ်ပါတယ်။