Home  / News  / News Details

News Details

နယူးယောက်မြို့ရဲ့ ဒေါ်လာ ၄၀ ဘီလီယံတန်တိုးချဲ့စီမံကိန်း

Jan 23, 2026  /

နယူးယောက်မြို့ရဲ့ ဒေါ်လာ ၄၀ ဘီလီယံတန်တိုးချဲ့စီမံကိန်း

ဇန်နဝါရီ (   23 ) ရက် ။

Myanmar Property Dealer

 

ကမ္ဘာ့ကုန်သွယ်ရေးဗဟိုချက်ဖြစ်ပြီး ကွန်ကရစ်သစ်တောကြီးလို့လူသိများတဲ့ နယူးယောက်မြို့ဟာ ကန်ဒေါ်လာ ၄၀ ဘီလီယံတန်တိုးချဲစီမံကိန်းနဲ့အတူမြို့တော်မြေပုံကိုပြောင်းလဲဖို့ပြင်ဆင်နေတာပဲဖြစ်ပါတယ်။

လူဦးရေ သန်းခွဲအထိနေထိုင်လျှက်ရှိတဲ့နယူးယောက်မြို့ဟာ လူနေမှုသိပ်သည်းပြီးနေထိုင်ရေးအခက်အခဲများ တဆတဆမြင့်တက်လာတာကြောင့်သက်ဆိုင်ရာအာဏာပိုင်များမှမြို့နယ်တိုးချဲ့ရေးစီမံကိန်ကိုအာရုံစိုက်လာကြတာပဲဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ Manhattan(မန်ဟန်တန်)မြို့ရဲ့ထိပ်ဖျားပိုင်း Husdson နှင့် East River မြစ်နှစ်စင်းကြားတွင် ဧက ၁၇၀၀ ကျော်အထိမြေဖို့ပြီးကန်ဒေါ်လာ ၄၀ ဘီလီယံအထိအကုန်ကျခံတည်ဆောက်သွားမဲ့ New Manhatta စီမံကိန်းပဲဖြစ်ပါတယ်။

စီမံကိန်းအတွက်ပင်လယ်ရေအောက်ရှိသဲများနှင့်မြေသားထုများကိုစုပ်ယူပြီး Land Reclamation နည်းစနစ်ဖြင့် ဧက ၁၇၅၀ အကျယ်အဝန်းအထိတိုးချဲ့တည်ဆောက်သွားမှာြဖစ်ပါတယ်။ ဒီအကျယ်အဝန်းဟာအိမ်ခြေ ၁၈၇၀၀၀ အထိတည်ဆောက်နိင်မှာဖြစ်ပြီး လူဦးရေ . သန်းအထိနေထိုင်နိုင်မှာဖြစ်ခါ စီမံကိန်းကြာချိန်အနေနဲ့မြေဖို့ခြင်းလုပ်ငန်းစဥ်ချည်းပဲ ၁၅ နှစ်အထိအချိန်ယူတည်ဆောက်ရမယ်လို့သိရပါတယ်။

New York မြို့ရဲ့တင်းကြပ်တဲ့ ပေါ်လစီတွေ၊ မြင့်မားတဲ့မြေစျေးနူန်းတွေနှင့် ငွေကြေးတန်ဖိုးပြောင်းလဲမှုကြောင့်

စီမံကိန်းပြီးစီးတဲ့အချိန်တွင်အိမ်ခြံမြေစျေးနှုန်းဟာနှစ်ဆအထိဖြစ်သွားနိုင်ပြီးထိုအချိန်တွင်ရင်းနှီးမြုပ်နှံမဲ့သူများအတွက်ကုန်ကျစရိတ်ပိုမိုများပြားသွားနိုင်တယ်လို့ပညာရှင်အချို့ကထောက်ပြကြပါတယ်။  ဒါ့အပြင်နယူးယောက်မြို့ရဲ့ရာသီဥတုအခြေအနေဟာလဲ ဒီစီမံကိန်းအတွက်စိန်ခေါ်မှုတရပ်ဖြစ်နေပြီး မုန်တိုင်းမကြာခဏဝင်ရောက်တတ်တာကြောင့် ရေကြီးရေလျှံပြသာနာများကာကွယ်ရန်အတွက် လူလုပ်ကျွန်းတလျှောက်ရေကာတံတိုင်းများတည်ဆောက်ဖို့အတွက်လိုအပ်တယ်လို့လဲ Dr.Bar ရဲ့သုတေတနပြုချက်အရသိရပါတယ်။

 ဒီ New Manhatta စီမံကိန်းကြီးဟာ US ရဲ့အကြီးဆုံး Mega Project တွေထဲကတခုဖြစ်ပြီးတည်ဆောက်မှုကြာချိန်နဲ့အစိုးရပိုင်းဆိုင်ရာပြောင်းလဲမှုတွေကြောင့်စိန်ခေါ်မှုတွေကြားထဲကအကောင်အထည်ဖော်ရမဲ့စီမံကိန်းကြီးတခုလည်းဖြစ်ပါတယ်။