Home  / News  / News Details

News Details

န်ကင်းအိမ်ခြံမြေဈေးကွက် အားကောင်းနေဆဲအချက်အချာနေရာများတွင် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုမြင့်

Aug 28, 2026  /

ရန်ကင်းအိမ်ခြံမြေဈေးကွက် အားကောင်းနေဆဲအချက်အချာနေရာများတွင် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှုမြင့်

ဩဂုတ် (၂၈)

Myanmar Property Dealer

ရန်ကင်းမြို့နယ်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိအချိန်အထိ အားကောင်းနေဆဲဖြစ်ပြီး အချက်အချာကျတဲ့နေရာတွေမှာ ရင်းနှီးမြှုပ်နှံလိုသူတွေရဲ့ စိတ်ဝင်စားမှု မြင့်မားနေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေရဲ့ သုံးသပ်ချက်တွေအရ သိရပါတယ်။

ရန်ကင်းမြို့နယ်ဟာ ဖွံ့ဖြိုးပြီးမြို့နယ်တစ်ခုဖြစ်တဲ့အပြင် စီးပွားရေးလုပ်ငန်းတွေ၊ ရုံးခန်းတွေ၊ Shopping Center တွေနဲ့ ကျောင်းတွေ စုစည်းတည်ရှိတာကြောင့် အိမ်ခြံမြေဈေးနှုန်းတွေ ကျဆင်းသွားဖို့ထက် ရေရှည်မှာ ဆက်လက်မြင့်တက်နိုင်တဲ့ အလားအလာရှိနေပါတယ်။

လက်ရှိဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေ အထူးစိတ်ဝင်စားနေတဲ့နေရာတွေကတော့ အောင်ဇေယျလမ်းမနဲ့ မြန်မာပလာဇာအနီးတစ်ဝိုက် ဖြစ်ပါတယ်။

အောင်ဇေယျလမ်းမဟာ စားသောက်ဆိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ သင့်လျော်တဲ့အပြင် အရောင်းအဝယ်နဲ့ အငှားဈေးကွက်လည်း သွက်လက်တဲ့ လမ်းမတန်းတစ်ခု ဖြစ်ပါတယ်။

မြန်မာပလာဇာအနီးတစ်ဝိုက်ဟာလည်း စီးပွားရေးအရ အချက်အချာကျတဲ့နေရာဖြစ်တာကြောင့် အိမ်ခြံမြေတန်ဖိုး ဆက်လက်မြင့်တက်နိုင်တဲ့ အလားအလာရှိနေပါတယ်။

ကျောက်ကုန်းဘက်ခြမ်းမှာလည်း ဝယ်လိုအားခိုင်မာပြီး လူကြိုက်များတဲ့ နေရာတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပါတယ်။

ဈေးနှုန်းတွေအနေနဲ့ လမ်းမတန်းရှိ မြေကွက်တွေဟာ အကျယ်အဝန်းနဲ့ တည်နေရာပေါ်မူတည်ပြီး တစ်ပေပတ်လည်ကို သိန်း ၅၀ ဝန်းကျင်အထိ ခေါ်ဈေးရှိနေပါတယ်။

လမ်းအကျယ်ရှိတဲ့ အတွင်းလမ်းတွေမှာတော့ တစ်ပေပတ်လည်ကို သိန်း ၃၀ ကနေ ၃၅ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိပြီး အချို့နေရာတွေမှာ တစ်ပေပတ်လည် သိန်း ၅၀ ဝန်းကျင်အထိ ခေါ်ဈေးရှိပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန်အခြေအနေမှာ ရှိနေပါတယ်။

တစ်ဖက်မှာလည်း ရန်ကင်းမြို့နယ်ဟာ ဖွံ့ဖြိုးပြီးမြို့နယ်ဖြစ်လာတာနဲ့အမျှ ကွန်ဒိုမီနီယမ် ဆောက်လုပ်နိုင်တဲ့ မြေကွက်အကျယ်ကြီးတွေ ရှားပါးလာနေပါတယ်။

လက်ရှိဈေးကွက်မှာ ၄၀ ပေ × ၆၀ ပေဝန်းကျင်ရှိ လုံးချင်းအိမ်နဲ့ မြေကွက်တွေကို အဓိကတွေ့ရပြီး အဲ့ဒီထက် ပိုမိုကျယ်ဝန်းတဲ့ မြေကွက်တွေ ရရှိဖို့ ခက်ခဲလာတာကြောင့် ကွန်ဒိုမီနီယမ်ဆောက်လုပ်ဖို့ ရင်းနှီးမြှုပ်နှံသူတွေအတွက် မြေနေရာရရှိရေးက စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေပါတယ်။