Home  / News  / News Details

News Details

သုခဒဂုံပြည်သူ့အငှါးအိမ်ရာအတွင်းစည်းကမ်းပျက်၍ သိမ်းဆည်းထားတဲ့အခန်းများနှင့်အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်အခန်းများကို မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်သွားမည်

Oct 26, 2024  /

သုခဒဂုံပြည်သူ့အငှါးအိမ်ရာအတွင်းစည်းကမ်းပျက်၍ သိမ်းဆည်းထားတဲ့အခန်းများနှင့်အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်အခန်းများကို မဲစနစ်ဖြင့် ပြန်လည်ရွေးချယ်သွားမည်

အောက်တိုဘာ (၂၅)ရက်။

Myanmar Property Dealer

သုခ ဒဂုံ ပြည်သူ့အငှါး အိမ်ရာအတွင်း စုစုပေါင်း တိုက်(၁၉၄) လုံးပါဝင်ပြီး ပြီးစီးမှုအလိုက် အခန်းများကို ငှါးရမ်းခွင့် ပြုလျက်ရှိရာ အဆိုပါတိုက်များထဲမှ ပြီးစီးပြီး တိုက် ၄၃ လုံး ၊ စည်းကမ်းပျက်သဖြင့် သိမ်းဆည်းထားတဲ့ အခန်းများနှင့်အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်အခန်းများကို မဲစနစ်ဖြင့် ပြန်လည် ရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိတွင် ပထမအဆင့် တိုက် ၇၃ လုံး ၊ဒုတိယအဆင့် တိုက် ၅၀ လုံးတို့ကို နေရာ ချထားပေးထားပြီး တတိယအဆင့် တိုက် ၇၁ လုံးကိုလည်း  လျာထားခဲ့ပြီး ဖြစ်ရာ ပြီးစီးမှုအရ အဆင့်ဆင့် နေရာ ချသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် တတိယအဆင့်အတွက် တင်ပြလာတဲ့ လျှောက်လွှာများ အနက် အချက်အလက် ကိုက်ညီ သူများ ၊ ယခင် မဲနှိုက်ခွင့်ရရှိပြီးမဲမပေါက်သူ စုစုပေါင်း တစ်သောင်းကျော်ကို အုပ်စုများခွဲပြီး အုပ်စုအလိုက် မဲနှိုက်  ခွင့်ရရှိမယ့်  တိုက်များကို ကော်မတီမှ မဲစနစ်ဖြင့် ရွေးချယ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။

မဲနှိုက်ခွင့် ရရှိပြီးဖြစ်သော်လည်း မိမိတို့ ရရှိမယ့် တိုက်များမှာ မပြီးစီးသေးပါက ပြီးစီးတဲ့အချိန်တွင် မဲနှိုက်ရန် အသိပေး ကြေညာ သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။