Home  / News  / News Details

News Details

သုခဒဂုံ အငှားအိမ်ရာတွင် နေထိုင်ခွင့်ရှိသူများက တဆင့်ငှားရမ်းမှုများ ပြုလုပ်လာ

Jan 2, 2024  /

သုခဒဂုံ အငှားအိမ်ရာတွင် နေထိုင်ခွင့်ရှိသူများက တဆင့်ငှားရမ်းမှုများ ပြုလုပ်လာ


ဇန်နဝါရီ () ရက်

Myanmar Property Dealer

သုခဒဂုံအငှားပြည်သူ့အိမ်ရာတွင် နေထိုင်ခွင့်ရှိသူများက တဆင့်ငှားရမ်းမှုများ ပြုလုပ်လာမှုတွေရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 " ပိုက်ဆံရှိတဲ့သူတွေက အဲဒီအငှားအိမ်ရာမှာ လျှောက်ကြတယ်။ ပြီးရင်တစ်ဆင့်ပြန်ပြီး ငှားစားကြတယ်။တစ်ကယ်နေရေးထိုင်ရေးအခက်အခဲရှိသူတွေက လျှောက်မရဘဲပြန်ပြီးငှားနေနေရတယ်"ဟု သုခဒဂုံအငှားပြည်သူ့အိမ်ရာလျှောက်ထားသူတစ်ဦးကပြောပါတယ်။ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိအခန်းများ၏ ကနဦးကြေညာချက်များအရ တစ်လငှားရမ်းခနှုန်းထားများသည် ပထမထပ်အတွက် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ်အတွက် ၆၀,၀၀၀ ကျပ်၊ တတိယထပ်အတွက် ၅၅,၀၀၀ ကျပ်နှင့် စတုတ္ထထပ်အတွက် ၄၆,၀၀၀ ကျပ်သတ်မှတ်ထားပါတယ်။

 သုခဒဂုံ ပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများကို နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုထားတာပဲဖြစ်ပါတယ်။

လက်ရှိသုခဒဂုံပြည်သူ့အငှားအိမ်ရာရှိအခန်းများတဆင့် ပြန်လည်ငှားရမ်းတဲ့ နှုန်းထားများမှာ ပထမထပ်အတွက် ၇၅,၀၀၀ ကျပ်၊ ဒုတိယထပ်အတွက် ၇၀,၀၀၀ ကျပ်၊ တတိယထပ်အတွက် ၆၀,၀၀၀ ကျပ်နှင့် စတုတ္ထထပ်အတွက် ၅၅၀၀၀ ကျပ်သတ်မှတ်ထားပြီး အနိမ့်ဆုံး သုံးလစာချုပ် ချုပ်ဆိုရမည်ဖြစ်ကာ ပွဲစားခအနေဖြင့် ၃၀၀၀၀ ကျပ်ပေးရတယ်လို့ သိရပါတယ်။

 အဆိုပါ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် လမ်းမကြီးနှင့် အမှတ် လမ်းမကြီးလမ်းဆုံအနီး တည်ဆောက်အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး ပထမအဆင့်အဖြစ် အဆောက်အအုံ ၁၉၄ လုံး၊ အခန်း ၃၁၀၄ ခန်းကို ဆောက်လုပ်လျက်ရှိတယ်လို့ သိရပါတယ်။