Home  / News  / News Details

News Details

ချေးငွေစနစ်ဖြင့် သီလဝါအိမ်ရာရှိ အခန်းများကို ရောင်းချပေးမည်

Jan 7, 2025  /

ချေးငွေစနစ်ဖြင့် သီလဝါအိမ်ရာရှိ အခန်းများကို ရောင်းချပေးမည်

Myanmar Property Dealer

ဇန်နဝါရီ (၇)ရက်။

 

ယခု ဇန်နဝါရီလတွင်ချေးငွေစနစ်ဖြင့် ချိတ်ဆက်နိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါအိမ်ရာတွင် ကျန်ရှိနေတဲ့   ခန်းတွဲ ထပ် ၆၁ ခန်း၊ ခန်းတွဲ ထပ် ၂၇ ခန်း၊ စုစုပေါင်း ၈၈ ခန်းကိုရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

အဆိုပါ အိမ်ခန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ခြင်းဖြစ်ပြီး အတိုးနှုန်းသက်သာစွာဖြင့် ရောင်းချပေးမှာလည်းဖြစ်ပါတယ်။

 ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီအောင် စုဆောင်းထားသူ ပူးတွဲပါ ,၈၉၁ ဦးစာရင်းတွင် ပါဝင်သူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ DUHD Sale Housing Facebook Page Messenger မှတစ်ဆင့် စာရင်းပေးသွင်း လျှောက်ထားနိုင်ပြီး Messenger မှတစ်ဆင့် အမည်စာရင်း လက်ခံခြင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှ ၂၄ ရက်အတွင်း နံနက် နာရီခွဲမှ ညနေ နာရီအချိန်အထိ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

 ဒါ့အပြင် ရောင်းချမည့် အိမ်ရာတည်နေရာ၊ အဆောက်အဦအမျိုးအစား၊ အခန်းအကျယ်အဝန်း၊ ဈေးနှုန်းစသည့် ပူးတွဲပါ အချက်အလက်တို့ကို ကြည့်ရှုလေ့လာပြီး အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ အိမ်ရာအမည်၊ CHID Bank Down Payment Serial No တို့ကို ပြည့်စုံစွာ စာရင်းပေးသွင်းရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

အခန်းအရေအတွက်အရ CHID Bank တန်းစီဇယား အစောဆုံး အမှတ်စဉ် ၈၈ ဦးအား မဲနှိုက်ခွင့် ပြုမှာဖြစ်တဲ့အတွက် အခန်းမဲနှိုက်ပေးခြင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်တွင် ဆောင်ရွက်သွားမှာဖြစ်ပြီး အခန်းဝယ်ယူခွင့်ရသူသည် အိမ်ရာချေးငွေအား မဖြစ်မနေ ချေးယူရမှာဖြစ်တယ်လို့လည်း အသိပေးထားရှိပါတယ်။

ယခု ရောင်းချပေးမယ့်  သီလဝါအိမ်ရာရှိ လက်ကျန်အခန်း ၈၈ ခန်း၏ အခန်းဈေးနှုန်းများမှာ အထပ်အမြင့်အနိမ့်အပေါ် မူတည်ပြီး အနည်းဆုံး ကျပ်သိန်း ၁၇၀ မှ အများဆုံးကျပ်သိန်း ၂၈၀ ပေါက်ဈေးရှိနေတယ်လို့လည်း သိရပါတယ်။

#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD

#yangon

#property

 #stayinformed