မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ တစ်လငှားရမ်းခအနိမ့်ဆုံး ကျပ် ၃၃,၀၀၀ ဖြင့်ငှားရမ်းနိုင်တော့မှာဖြစ်တယ်လို့သိရ။
ဧပြီလ (၂၁)ရက်။
Myanmar Property Dealer
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အနီး ရှင်တော်ကုန်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာစီမံကိန်း တည်ဆောက်မှုမှာယခုအခါပြီးစီးပြီဖြစ်တာကြောင့် ငှားရမ်းနေထိုင်လိုသူများအနေဖြင့် ဧပြီ ၁၈ မှစတင်၍ လျှောက်လွှာများ ဝယ်ယူနိုင်ပြီဖြစ်တယ်လို့နိုင်ငံပိုင်သတင်း စာများဖော်ပြချက်အရသိရပါတယ်။
အခန်းပေါင်း ၁၄၅၆ခန်းရှိတဲ့ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းမှာငှားရမ်းခအနေဖြင့်အမြင့်ဆုံးငါးသောင်းကျပ်မှအနိမ့်ဆုံးသုံးသောင်းသုံးထောင်ကျပ်ရှိတယ်လို့သိရပြီးကနဦးပထမအကြိမ်ငှားတဲ့ကာလကို ၅နှစ်သက်တမ်းသတ်မှတ်ပေးထားတယ်လို့လည်းသိရပါတယ်။
၂၀၂၀ ခုနှစ် သြဂုတ် ၂၈ ရက်က စတင်တည်ဆောက်ခဲ့တဲ့ မင်္ဂလာရန်ကင်းပြည်သူ့အဌားအိမ်ရာစီမံကိန်း ကိုအိမ်ရာမဝယ်ယူနိုင်သေးတဲ့ဝင်ငွေနည်း ပြည်သူများ၊ အငြိမ်းစား ဝန်ထမ်းများ၊ အငြိမ်းစားယူရန် နီးကပ်နေပြီးဖြစ်သည့် ဝန်ထမ်းများ၊ ဝင်ငွေနည်း ကုမ္ပဏီ ဝန်ထမ်းများ နေထိုင်ရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး ခန့်မှန်းကုန်ကျငွေ ၄၁ ဒသမ ၆ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။
#တန်ဖိုးနည်းအိမ်ရာ
#ပြည်သူ့အငှားအိမ်ရာ
#မင်္ဂလာရန်ကင်း
#မန္တလေး
#myanmarpropertydealer
#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD #yangon #property #stayinformed