ကလောရှိ နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံ သုံးလုံးကို ရှေးဟောင်းအမွေအနှစ်
အဆောက်အအုံအဖြစ် ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်
ဩဂုတ် ၇
Myanmar
Property Dealer
ရှမ်းပြည်နယ် ကလောမြို့ရှိ နှစ်
၁၀၀
ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံများဖြစ်တဲ့ ကလောစာတိုက်(ဟောင်း)၊ ကလောရေကူးကန်နှင့် နားနေစခန်း (ကလောကလပ်) တို့ကို ရှေးဟောင်းအမွေအနှစ်အဆောက်အအုံများအဖြစ် သတ်မှတ်ကာ ကြေးပြားကမ္ပည်းမော်ကွန်းများ တပ်ဆင်ခဲ့ကြောင်း သိရပါတယ်။
ကလောမြို့သည် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လေ့လာလည်ပတ်တဲ့ ခရီးသွားဒေသတစ်ခုဖြစ်ပြီး မြို့ရဲ့ သမိုင်းဝင်အမွေအနှစ်များကို ထိန်းသိမ်းနိုင်ရန် ယင်းရှေးဟောင်းအဆောက်အအုံများအား တရားဝင်အသိအမှတ်ပြုကာ ကြေးပြားကမ္ပည်းမော်ကွန်းများ တပ်ဆင်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယဉ်ကျေးမှု၊ သမိုင်း၊ ဗိသုကာနှင့် အနုပညာလက်ရာတန်ဖိုး မြင့်မားပြီး နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်သင့်တဲ့ နှစ် ၁၀၀ နှင့်အထက်
သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံ ၆,၁၀၅ လုံး ကို
ဥပဒေနှင့် နည်းဥပဒေများအရ သတ်မှတ်ကာကွယ်ထားပြီးဖြစ်ပြီး ယင်းအနက် ရှမ်းပြည်နယ်တွင် ရှေးဟောင်းအဆောက်အအုံ ၂၃
လုံးရှိကာ ယခုတပ်ဆင်လိုက်တဲ့ အဆောက်အအုံများအပါအဝင် ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ပြီးစီးထားတဲ့ အဆောက်အအုံမှာ ကိုးလုံးအထိ ရှိလာပြီဖြစ်တယ်လို့သိရပါတယ်။