Home  / News  / News Details

News Details

ရန်ကုန်နှင့်မြဝတီမြို့ကြီးနှစ်မြို့တွင် ပရောဂျက်(၆)ခုတပြိုင်နက်ရောင်းချပေးမယ့် ပိုင်ဆိုင်မှုအခိုင်မာဆုံး မြေအရောင်းပွဲတော်ကြီး

Jul 31, 2023  /

ရန်ကုန်နှင့်မြဝတီမြို့ကြီးနှစ်မြို့တွင် ပရောဂျက်(၆)ခုတပြိုင်နက်ရောင်းချပေးမယ့် ပိုင်ဆိုင်မှုအခိုင်မာဆုံး မြေအရောင်းပွဲတော်ကြီး

ဇူလိုင်(၃၁)ရက်

Myanmar Property Dealer

 မြန်မာနိုင်ငံရဲ့ အထင်ကရ Developer Company တစ်ခုဖြစ်တဲ့ 𝐒𝐭𝐞𝐞𝐥 𝐒𝐭𝐨𝐧𝐞 𝐆𝐫𝐨𝐮𝐩 𝐨𝐟 𝐂𝐨𝐦𝐩𝐚𝐧𝐢𝐞𝐬 ကနေ ရုံးချူပ်အသစ်ဖွင့်လှစ်မိတ်ဆက်ခြင်းအထိမ်းအမှတ်အနေနဲ့ ‘’ခိုင်မာတဲ့ အိမ်ရာစီမံကိန်း မြေကွက်’’များရောင်းချပွဲကို ဩဂုတ်လ (၂) ရက်နေ့မှ (၈) ရက်နေ့အထိ (၇) ရက်တိုင်တိုင် ၂၀ရာခိုင်နှုန်း အထူးလျှော့ဈေး နဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

အရောင်းပြပွဲအခမ်းအနားကိုတော့ 𝐒𝐭𝐞𝐞𝐥 𝐒𝐭𝐨𝐧𝐞 𝐆𝐫𝐨𝐮𝐩 ရုံးချူပ်ရဲ့ Grand Opening နဲ့အတူ ရန်ကုန်မြို့ ပြည်လမ်းမပေါ်က အသစ်စက်စက် M Tower နဲ့ မြဝတီမြို့ အာရှလမ်းမကြီးပေါ်က Union Hotel မှာတပြိုင်နက်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

 

အခုရောင်းချပေးမယ့်အရောင်းပြပွဲကြီးမှာ ရောင်းချသွားမယ့် ပရောဂျက်တွေကတော့ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ အပျိုစင်ကမ်းခြေရှိ ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်းနှင့်၃၆၀ ဒီဂရီမြင်ကွင်းကျယ် တောင်ပေါ်ကမ်းခြေအိမ်ရာ BLUE Mountain Villa  ၊ မြဝတီမြို့ရှိ ပိုင်ဆိုင်မှုခိုင်မာတဲ့ မြို့သစ်စီမံကိန်း New City Ward 6/7 ၊မြဝတီမြို့ရဲ့အခမ်းနားဆုံး Luxury အိမ်ရာစီမံကိန်း City Villa ၊ မြန်မာ-ထိုင်း နယ်စပ်ကြား စီးပွားရေး အချက်အချာအကျဆုံး မြဝတီ Billionaire Commercial Zone  နှင့် မြန်မာ့ပထမဆုံး ကွန်ကရစ်လမ်းပါ ရွှေသန်းကမ္ဘာ ငါးမွေးမြူရေးဇုန်တို့ပဲ ဖြစ်ပါတယ်။

 

ဒီအရောင်းပြပွဲကြီးမှာစိတ်ဝင်စားလို့လာရောက်ဝယ်သူများအနေဖြင့် အထူးလျှော့ဈေး (၂၀) ရာခိုင်နှုန်းနဲ့ရောင်းချပေးသွားမှာဖြစ်သလို Cash Back အစီအစဉ်များ၊  ၁၀၀ရာခိုင်နှုန်း mobile bankingဖြင့် ငွေပေးချေနိုင်ခြင်း၊ ဂရန်‌မြေ ပိုင်ဆိုင်နိုင်ခြင်းနဲ့အတူအရစ်ကျစနစ်နဲ့လည်းငွေပေးချေနိုင်တယ်လို့သိရပါတယ်။

 

#myanmarpropertydealer

#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD

#𝐒𝐭𝐞𝐞𝐥 𝐒𝐭𝐨𝐧𝐞 𝐆𝐫𝐨𝐮𝐩

# BLUE Mountain Villa 

#မြဝတီBillionaireCommercialZone

#ရွှေရတီကမ်းခြေအိမ်ရာစီမံကိန်း

  #ရွှေသန်းကမ္ဘာ ငါးမွေးမြူရေးဇုန်