Home  / News  / News Details

News Details

အိမ်ခြံမြေအကျိုးဆောင်နှင့်အိမ်ခြံမြေကဏ္ဍအတွက် ဘက်စုံသုံး Application တစ်ခုဈေးကွက်တွင် စတင် မိတ်ဆက်။

Aug 23, 2022  /

အိမ်ခြံမြေအကျိုးဆောင်နှင့်အိမ်ခြံမြေကဏ္ဍအတွက် ဘက်စုံသုံး Application တစ်ခုဈေးကွက်တွင် စတင် မိတ်ဆက်။
 
Myanmar Property Dealer
ဩဂုတ် - ၂၃ ရက်
 
အိမ်ခြံမြေအကျိုးဆောင်များနှင့်အိမ်ခြံမြေလောကသားများ အတွက်မဖြစ်မနေအသုံးဝင်နိုင်သည့် Website နှင့်Mobil Application တစ်ခုကို အိမ်ခြံမြေအကျိုးဆောင်အသိုင်းအဝန်းရှိ ဈေးကွက်အတွင်း ထွက်ရှိလာ သည်ဟုသိရသည်။
အဆိုပါ Mobil Application နှင့် Website တွင် မြန်မာ၊အင်္ဂလိပ်၊တရုတ် ဘာသာစကားသုံးခုဖြင့်ဖော်ပြထားရှိပြီး ဘာသာစကား (၃) မျိုး ထည့်သွင်းထားခြင်းကြောင့် နိုင်ငံခြားသား အိမ်ခြံမြေ ရှာဖွေနေသူများအတွက်လည်း မိမိတို့ အလိုရှိသည့် အရာတွေကို လွယ်ကူစွာ တိုက်ရိုက်ရှာဖွေနိုင်မှာဖြစ်တယ်လို့လည်းသိရသည်။
 
‘‘ကျွန်မတို့ အခုတင်ထားတဲ့ MPD App ကို register လုပ်လိုက်တာနဲ့ အကန့်အသတ်မရှိ ပို့စ်တွေ အခမဲ့ တင်နိုင်မှာဖြစ်သလို အထူးလုပ်ဆောင်ချက်တွေ အနေနဲ့ ကိုယ်တင်ထားတဲ့ ပို့စ် (၁၀) ခုပြည့်သွားရင်ကိုယ့်စိတ်ကြိုက်ပို့စ် တစ်ခုကို အဖွင့်စာမျက်နှာမှာ ကြော်ငြာ ပို့စ်အနေနဲ့ အခမဲ့ တင်ပေးသွားမှာပါ။ နောက်ပြီးတော့ MPD App ထဲမှာ Agent Account တစ်ခုဖွင့်လိုက်တာနဲ့ ကိုယ်ပိုင် Dashboard ပေါ်မှာ မိမိရောင်းလိုတဲ့ properties တွေကို တစ်နေရာတည်း စုစည်းသိမ်းထားနိုင်တဲ့အပြင်Agent Account ကနေတဆင့် ကိုယ့်အောက်မှာ ရှိတဲ့အရောင်းကိုယ်စားလှယ်များ အတွက် Supervisor/Promotor Account တွေကို register ပြုလုပ်ပြီး ကိုယ်ပိုင် Real Estate Website Network ဖန်တီးနိုင်မယ့် အခွင့်အရေးတွေကိုသုံးစွဲမဲ့သူ တွေအတွက်ဖန်တီးပေးထားပါတယ်''ဟု Myanmar Property Dealer မှ မအိမွန်သွင်ကပြောသည်။ 
 
အဆိုပါ Website တွင် Property တစ်ခုချင်းအလိုက် History Record, Activity List များ သိမ်းထားခြင်းဖြင့် MPD App မှ Customer Follow up များပြုလုပ်ရန် Reminder ပြုလုပ်ပေးခြင်းတွေပါဝင်တယ်လို့လည်း Website ရေးဆွဲသူများထံမှသိရသည်။
 
မြန်မာနိုင်ငံအတွင်း အနယ်နယ်အရပ်ရပ်ရှိ တိုင်းဒေသနှင့်ပြည်နယ်များမှ အိမ်ခြံမြေနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လည်း MPD Website နှင့်Mobil Application တို့တွင်တစ်နေရာတည်း စုံလင်စွာ ဖတ်ရှုနိုင်ရန်ထည့်သွင်းထားသည်ဟုလည်းသိရသည်။