ပေါင်၂ဘီလီယံတန်စီမံကိန်းကြီးနဲ့အတူမြို့တော်ဗဟိုချက်အသစ်တခုကိုတည်ဆောက်မဲ့အင်္ဂလန်နိုင်ငံ
ဒီဇင်ဘာ (၁၂)ရက်။
Myanmar Property
Dealer
အင်္ဂလန်နိုင်ငံမြောက်ပိုင်းရဲ့ မြို့တော်တခုဖြစ်တဲ့ North Yorkshire မြို့နယ်ဟာ ပေါင်၂ဘီလီယံတန်စီမံကိန်းကြီးနဲ့အတူမြို့တော်ဗဟိုချက်အသစ်တခုကိုတည်ဆောက်ဖို့ဆောင်ရွက်နေတာဘဲဖြစ်ပါတယ်။
ဒီစီမံကိန်းကတော့ York Central regeneration project
ဖြစ်ပြီး York ဘူတာရုံဘေး brownfieldမှာ အကောင်အထည်ဖော်မဲ့ ဧက ၁၁၀ ကျယ်ဝန်းတဲ့စီမံကိန်းကြီးတခုဘဲဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂၀၂၆ ခုနှစ် နွေဦးကာလတွင် စတင်တည်ဆောက်ဖို့လျာထားတာြဖစ်ပြီး ၂၀၃၅ အမီအပြီးတည်ဆောက်သွားမယ်လို့လည်းသိရပါတယ်။
အဆိုပါ စီမံကိန်းထဲမှာ လူနေအိမ်ပေါင်း ၂၅၀၀၊ ဟိုတယ်များ၊ စီးပွားရေးဇုန်များ၊ ရုံးခန်းများ၊ ပို့ဆောင်ဆက်သွယ်ရေးအဆောက်အဦများနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆၅၀၀ ခန့်ဖန်တီးပေးမှာဘဲဖြစ်ပါတယ်။ ဒီ York Central စီမံကိန်း ကို McLaren Property နှင့် Arlington Real Estate ဖက်စပ်လုပ်ငန်းမှ Homes England ၊ Network Rail တို့နှင့်အတူ City of York Council
၊ National Railway Museumတို့
နှင့်အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့လည်းသိရပါတယ်။
လက်ရှိတွင် အခြေခံအဆောက်အအုံတည်ဆောက်ရေးအတွက် အစိုးရဘက်မှ ပေါင် ၁၃၅သန်းထောက်ပံပေးထားပြီးတည်ဆောက်ရေးလုပ်ငန်းများစတင်တဲ့အချိန်မှစတင်ပြီးစီးတဲ့အချိန်အထိ အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၆၅၀၀ နဲ့အတူ York မြို့ရဲ့စီးပွားရေးအခန်းကဏ္ဉကိုတိုးမြှင့်ပေးနိုင်မယ်လို့သိရပါတယ်။