နိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်တော့မယ့်
ထိုင်းအစိုးရရဲ့
အိမ်ရာစီမံကိန်းကြီး
ဇန်နဝါရီ (၂၄)ရက်။
Myanmar Property Dealer
ထိုင်းအစိုးရက
ထိုင်းလူမျိုးများအတွက်အိမ်ရာ
အစီအစဉ်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ စတင်စာရင်းသွင်းရန် စီစဉ်ထားကြောင်း ကြေညာလိုက်ပြီး အိမ်ခန်းပေါင်း ၁ သန်းကို ကနဦးအနေနဲ့
ထောက်ပံ့ပေးမှာဖြစ်တယ်လို့
The Gulf Observer သတင်းတွင်ဖော်ပြထားပါတယ်။
ဝန်ကြီးချုပ်
ပေတုန်တန် ရှင်နာဝပ်
က ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၆) ရက်နေ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ အဆိုပါ စီမံကိန်းကို ထုတ်ဖော်ပြသခဲ့ပြီး အစိုးရရဲ့ ပထမဆုံး သုံးလတာကာလအတွင်း ချမှတ်ခဲ့တဲ့ အဓိက စီးပွားရေး ဆောင်ရွက်မှုများထဲမှ တစ်ခုအဖြစ် မီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။
ဝန်ကြီးချုပ်
ပေတုန်တန် ရှင်နာဝပ်
ရဲ့ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကတော့ အိမ်ရာစရိတ်များ မြင့်တက်လာခြင်းကြောင့် ငွေကြေးမတတ်နိုင်သူ နိုင်ငံသားများရဲ့ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးမယ့် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊
အသုံးမပြုတဲ့ နိုင်ငံပိုင်မြေများကို တတ်နိုင်တဲ့ အိမ်ရာများ ဆောက်လုပ်ရန် ဥပမာ- ဘတ်ငွေ ၁၅၀၀၀ ရှိသော ဘွဲ့ရများဟာ လစဉ် အရစ်ကျ ဘတ် ၄၀၀၀ သာ လိုအပ်ပြီး နေ့စဉ်
အသုံးစရိတ်အတွက် ပိုက်ဆံချန်ထားရန် လိုအပ်ပါတယ်။ဒါကြောင့်ငွေပေးချေမှု
မလိုအပ်ဘဲ အစိုးရ အိမ်ရာဘဏ်မှ ဘဏ္ဍာငွေ စီစဉ်ပေးသွားမှာဖြစ်တယ်လို့သူကဆိုပါတယ်။
နေအိမ်တွေမှာ
ပရိဘောဂအပြည့်အစုံပါဝင်ပြီး
အီလက်ထရွန်းနစ်များပါ၀င်မှာဖြစ်ကာ
ပရောဂျက်ဟာ ဆင်းရဲနွမ်းပါးသူတွေအတွက် အိမ်ရာအဖြစ် ရှုမြင်ခြင်းမဟုတ်ဘဲ ကဏ္ဍသစ်တစ်ခုစတင်တဲ့ လူတစ်ဦးချင်းစီအတွက် အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူမှာဖြစ်ပါတယ်။ ဆောက်လုပ်ရေးစရိတ်စက နည်းပါးခြင်းကြောင့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုကို အားပေးခြင်းဖြင့် စီမံကိန်းက စီးပွားရေးကို အားကောင်းစေမှာဖြစ်တယ်လို့ သက်ဆင်က မှတ်ချက်ပြုခဲ့သည်။
ဝန်ကြီးချုပ်က
အိမ်ထောင်စု ၅.၈၇ သန်း
ဒါမှမဟုတ် လူဦးရေရဲ့ ၂၇ ရာခိုင်နှုန်းဟာ လက်ရှိမှာ ကိုယ်ပိုင်အိမ်မရှိကြကြောင်း
ပြောကြားခဲ့ပါတယ်။ အစီအစဉ်မှာ ၉၉ နှစ်ထိငှားရမ်းနေထိုင်ခွင့်ပေးထားပြီး အရည်အသွေးမြင့် အိမ်ရာများပေးဆောင်ရန်နှင့်
ထိုင်းနိုင်ငံသားတွေအတွက်
ငွေကြေးအခက်အခဲများကို
လျှော့ချရန် ရည်ရွယ်ထားကြောင်း သူမက အလေးအနက်ထား ပြောကြားခဲ့ပါတယ်။
အရစ်ကျပေးချေမှုကာလကို
နှစ် ၃၀ အထိ သက်တမ်းတိုးပေးမှာဖြစ်ပြီး
နေထိုင်ပြီးငါးနှစ်အကြာမှာ
ပိုင်ဆိုင်မှုလွှဲပြောင်းပေးမယ်လို့သိရပါတယ်။