အောက်တိုဘာလအတွင်း ရန်ကုန်စည်ပင်ဧရိယာထဲ၌
အဆောက်အဦ ဆောက်လုပ်ခွင့် (၃၁၆)ခု နှင့် အဆောက်အဦ ဆောက်လုပ် ပြီးစီးကြောင်းလက်မှတ်(BCC) (၁၁၇)လုံး ခွင့်ပြုခဲ့ကြောင်းသိရ ။
နိုဝင်ဘာလ( ၁၁ )ရက်။
Myanmar Property Dealer
ရန်ကုန်မြိုတော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ အဆောက်အဦ ဆောက်လုပ်ခွင့်နှင့် အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရေး ဦးစီးကော်မတီရဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကနေ အောက်တိုဘာလအတွင်း
အဆောက်အဦ ဆောက်လုပ်ခွင့် (၃၁၆)ခု နှင့် အဆောက်အဦ ဆောက်လုပ် ပြီးစီးကြောင်းလက်မှတ်(BCC) (၁၁၇)လုံး ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း အဆောက်အဦ ဆောက်လုပ်ခွင့်နဲ့ အဆောက်အဦ ဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရေး ဦးစီးကော်မတီရဲ့ (၈/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကနေ ဆောက်လုပ်ခွင့်(၆၆)ခု၊ အဆောက်အဦဆောက်လုပ် ပြီးစီးကြောင်း လက်မှတ်(BCC)(၂၁)လုံး ၊ (၉/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကနေ ဆောက်လုပ်ခွင့်(၆၂)ခု၊ အဆောက်အဦဆောက်လုပ် ပြီးစီးကြောင်း လက်မှတ်(BCC)(၃၁)လုံး ၊(၁၀/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကနေ ဆောက်လုပ်ခွင့်(၇၃)ခု၊ အဆောက်အဦဆောက်လုပ် ပြီးစီးကြောင်း လက်မှတ်(BCC)(၂၂)လုံး ၊(၁၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကနေ ဆောက်လုပ်ခွင့်(၅၉)ခု၊ အဆောက်အဦဆောက်လုပ် ပြီးစီးကြောင်း လက်မှတ်(BCC)(၃၀)လုံး ၊(၁၂/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကနေ ဆောက်လုပ်ခွင့်(၅၆)ခု၊ အဆောက်အဦဆောက်လုပ် ပြီးစီးကြောင်း လက်မှတ်(BCC)(၁၃)လုံး ခွင့်ပြုခဲ့တာဘဲဖြစ်ပါတယ်။
အဆောက်အဦဆောက်လုပ်ခွင့် နှင့် အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း လက်မှတ်ထုတ်ပေးရေး ဦးစီးကော်မတီရဲ့ လုပ်ငန်းညှိနှိင်းအစည်းအဝေးကိုတော့ အပတ်စဉ် အင်္ဂါနေ့တိုင်း မြိုတော်ခန်းမ၊ ပထမထပ်ရှိ အစည်းအဝေး ခန်းမ(၄)တွင်ကျင်းပပြုလုပ်ပြီး အဆိုပါအစည်းဝေးကနေတစ်ပတ်အတွင်းဆောက်လုပ်ခွင့်နှင့်အဆောက်အဦဆောက်လုပ် ပြီးစီးကြောင်းလက်မှတ်များကိုထုတ်ပေးတာဘဲဖြစ်ပါတယ်။