အသုံးပြုခွင့်ရရှိထားပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိတဲ့ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ ပြန်လည်ရုပ်သိမ်းမည်
ဇူလိုင်လ ( ၂၄)ရက်။
Myanmar Property Dealer
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီရဲ့ (၁၆) ကြိမ်မြောက်အစည်းအဝေးကနေ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားတဲ့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ကိုလေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိပါက နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ရေးတို့ကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။
အဆိုပါ အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စားရေရိက္ခာဖူလုံစေရေးနှင့် ပြည်ပတင်ပို့နိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ အားအသုံးပြုလုပ်ကိုင်ခွင့်ပြုနိုင်ရန် စိစစ်ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားပြီး စည်းကမ်းချက်သတ်မှတ်ကာလ လေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုမရှိတဲ့ မြေဧရိယာများကို အထူးအဖွဲ့များဖြင့် ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုပေးထားတဲ့ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များအား ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် အာမခံကြေးများအား နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းနိုင်ရေးတို့ကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။