Home  / News  / News Details

News Details

မြဝတီရှိ ကျားဖြန့်အဆောက်အအုံ(၁၁၀)လုံးကိုဖြိုချ၊ကျန်(၅၂၅)လုံးကိုလည်းဆက်လက်ဖြိုချဖျက်ဆီးမည်

Nov 13, 2025  /



မြဝတီရှိ ကျားဖြန့်အဆောက်အအုံ(၁၁၀)လုံးကိုဖြိုချ၊ကျန်(၅၂၅)လုံးကိုလည်းဆက်လက်ဖြိုချဖျက်ဆီးမည်

နိုဝင်ဘာ (၁၃) ရက်
Myanmar Property Dealer

မြဝတီ၊မဲ့ထော်သလေး KK Park နယ်မြေရှိ ကျားဖြန့်အဆောက်အအုံ(၁၁၀)လုံးကိုဖြိုချဖျက်ဆီးခဲ့ပြီး ကျန်(၅၂၅)လုံးကိုလည်း ဆက်လက်ဖြိုချဖျက်ဆီးဖို့ရှိတယ်လို့သိရပါတယ်။
မြဝတီ-မဲ့ထော်သလေး KK Park နယ်မြေအတွင်း အွန်လိုင်းလောင်းကစားမှုတွေ၊ အွန်လိုင်း လိမ်လည်မှုတွေနဲ့ ဒုစရိုက်မှုတွေ ပြုလုပ်တဲ့ ဇုန် ၃ ဇုန်မှာ အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးရှိတယ်လို့ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း ၁၀၈၁၅ ဦး စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၄င်းတို့အနက်မှ ၉၅၃၆ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးနိုင်ခဲ့ကာ ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၇၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။