Home  / News  / News Details

News Details

ငလျင်ဒဏ်ထိ ရှေးဟောင်းအဆောက်အအုံများကို တရုတ်နိုင်ငံမှ စစ်ဆေးမှုပြီးစီး

Jul 7, 2025  /

ငလျင်ဒဏ်ထိ ရှေးဟောင်းအဆောက်အအုံများကို တရုတ်နိုင်ငံမှ စစ်ဆေးမှုပြီးစီး
ဇွန်လ (၂ ၆)ရက်
Myanmar Property Dealer
မြန်မာနိုင်ငံရဲ့ ငလျင်အလွန်ကာလတွင် ငလျင်ဒဏ်ထိ ရှေးဟောင်းအဆောက်အအုံများကို တရုတ်နိုင်ငံမှလာရောက်ကူညီပေးကြတဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့များက စစ်ဆေးအကဲဖြတ်မှု ပြီးစီးသွားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ ရေးသားဖော်ပြထားရှိပါတယ်။
တရုတ်နိုင်ငံမှ လာရောက်ကူညီကြတဲ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဇွန်လ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အထိ စစ်ဆေးအကဲဖြတ်မှု ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး
၎င်းတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ငလျင်အလွန်ကာလတွင် မတ်လ ၂၈ ရက်နေ့ ငလျင်ကြီးကြောင့်ပျက်စီးခဲ့တဲ့ ယဉ်ကျေးမှု အမွေအနှစ်များအား စစ်ဆေးအကဲဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
အဆိုပါ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့အနေဖြင့် မန္တလေးနန်းတော်၊ မဟာမြတ်မုနိဘုရား၊ အမရပူရမြို့ဟောင်းနှင့် အင်းဝမြို့ဟောင်းစတဲ့ ထင်ရှားကျော်ကြား ရှေးဟောင်းအဆောက်အအုံ များကို သွားရောက်စစ်ဆေးကာ ပျက်စီးမှုအခြေအနေများအား အကဲဖြတ်ခဲ့ပြီး မြန်မာနိုင်ငံ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာရှိများနှင့် နီးကပ်စွာဆွေးနွေးခဲ့ကြကြောင်း လည်းသိရပါတယ်။
ယင်းဆွေးနွေးပွဲတွင် ပျက်စီးခဲ့တဲ့ အမွေအနှစ်များအား အရေးပေါ်မွမ်းမံထိန်းသိမ်းရေး၊ ပြုပြင်ရေးလုပ်ငန်းစဉ်များနှင့် ရေရှည်စီမံချက်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း လည်းသိရပါတယ်။