Home  / News  / News Details

News Details

သုခဒဂုံပြည်သူ့အငှားအိမ်ရာ နေထိုင်ခွင့် တတိယအသုတ်ရွေးချယ်မည်

Oct 2, 2024  /

သုခဒဂုံပြည်သူ့အငှားအိမ်ရာ နေထိုင်ခွင့် တတိယအသုတ်ရွေးချယ်မည်

အောက်တိုဘာ  (၂) ရက်  ။

Myanmar Property  Dealer

 ဒဂုံမြို့သစ်တောင်ပိုင်းတွင် အကောင်အထည်ဖော်တည်ဆောက်ထားရှိတဲ့  သုခဒဂုံ ပြည်သူ့အငှားအိမ်ရာအတွင်း နေထိုင်ခွင့်အတွက် တတိယအသုတ်ကိုရွေးချယ်သွားမှာဖြစ်တယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်) က အသိပေးကြေညာထားရှိပါတယ်။

အဆိုပါ အိမ်ရာ ထပ်မံပြီးစီးပြီး နေထိုင်လို့ရရှိမယ့် အခန်း (၆၀၀)တွင် ငှားရမ်းနေထိုင်ခွင့် ရရှိမည့်သူများကို မကြာမီ ရွေးချယ်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ် () လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် အကောင် အထည်ဖော်တည်ဆောက်ထားရှိတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းများအား နေရေးအခက်အခဲရှိသော ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းများအား သတ်မှတ်ငှားရမ်းခနှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပြုရန် ကြေညာထားပြီးလည်းဖြစ်ပါတယ်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အခန်းများရဲ့ တစ်လငှားရမ်းခနှုန်းထားများမှာ ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နဲ့ စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်တယ်လို့လည်းသိရှိရပါတယ်။